🎼 "ဆောင်းနှင်းဖွေးဖွေးလေး တောင်တန်းများကြားမှာ
အေးချမ်းလှ တဲ့ကျွန်တော်တို့မြို့လေးကို
အလည်တစ်ခေါက်ရောက်လာပါလား လို့ ဟန်ဆောင်မှုကင်းတဲ့ စေသနာ ရင်မှာတကယ်ရင်းနှီးတဲ့ စိတ်ထားတွေ...... 🎼
Radio မှပြန့်လွင့်လာတဲ့ စိုင်းဆိုင်မောဝ်
ရဲ့ သီချင်းသံက ရှင်းသန့်တို့ သွားမဲ့ ခရီးနဲ့ အမှန်ပင်လိုက်ဖက်လှသည်။မနေ့ညထဲ မန္တလေးမှ ထွက်လာကြကာ
အခုနာရီကြည့်တော့ မနက်၆နာရီ ရှိနေပြီ။
တစ်ညလုံး ကားမောင်ရတာလား ဉီးလေးကြီးတွေလဲ ပင်ပန်းနေလောက်သည်။
တစ်ကားလုံး ရှင်းသန့်တစ်ယောက်သာ နိုးနေသေးတာမလို့ ကျန်တဲ့ သူတွေကို ပါ လိုက်နိုးရသည်။
"သူရိန် သူရိန် ဟိတ်ကောင် ထ ထ "
"အင်း......ရောက်ပီလား.. "
"မရောက်သေးဘူး ကွ အခုက ဘယ်ရောက်နေလဲ တောင် မသိသေးဘူး "
ရှင်းသန့်ပြောတော့ ကားမောင်းနေတဲ့ ဉီးလေးကြီးက"မိတ္ထီလာ မြို့ထဲရောက်နေပီ ငါ့တူတို့ "
"ဟုတ်... ဉီးတို့လဲ တစ်ညလုံး ကားမောင်းလာရတာ ပင်ပန်းမှာပဲ မြို့ထဲက စားသောက်ဆိုင်တစ်ခုမှ ရပ်လိုက်လေနော် မနက်စာလေး ဘာလေးစားပီး ခနနားရအောင် "
ရှင်းသန့်အပြောကို သူရိန်ကလဲ ထောက်ခံကာ ကျန်တဲ့ သူတွေကို လိုက်နိုး လိုက်သည်။
6နာရီဆိုတဲ့အချိန်က အနည်းငယ်စောနေသေးတာမို့ တစ်ချို့ဆိူင်တွေက မဖွင့်သေး
ကားလမ်းဘေးမှာ 24နာရီ ဖွင့်တဲ့ဆိုင်တွေ ရှိတာကြောင့်တော်သေးသည်။ခနကြာမောင်းပီးတော့ ဆိုင်တစ်ဆိုင်တွေ့တာကြောင့်အဲမှာပဲ ရပ်လိုက်ကြာသည်။
ကားပေါ်မှဆင်းကာ ဆိုင်ထဲဝင်ပီး
toilet ဖက်ကိုမေးကာ မျက်နာသစ်သူသစ် toiletဝင်သူဝင် လုပ်ကြသည်။
လမ်းဘေးဆိုင်ဖြစ်သော်လဲ ခရီးသွားလာသူများရှိသဖြင့် ဘေစင်နဲ့ toiletမှာလဲ ညစ်ပတ်မနေ ။သန့်သန့်ရှင်းရှင်းတော့ ရှိသည်။အသီးသီး ကိစ္စအဝဝပီးတော့ ဆိုင်ရှေ့ကို ပြန်ထွက်လာကာ စားစရာများမှာကြသည်။
မြန်မာဆိုင်ဖြစ်တာကြောင့် မြန်မာအစားအစာ မျိုးစုံ ရသည်။
ရှင်းသန့်က ထမင်းဆီဆမ်းပဲ မှာလိုက်သည်။မနက်စာစားပီးကြတော့ ကားပေါ်သို့ပြန်တက်ကာ ကားပေါ်မှာပဲ တစ်ရေးလောက်ပြန်အိပ်နေလိုက်ကြသည်။
YOU ARE READING
ရလို၍ ချစ်ခဲ့သည်(U/Z)