အချိန်တွေ တစ်ဖြေးဖြေး ကုန်လာလိုက်တာ နွေရာသီကျောင်းပိတ်ရက် ကိုတောင်ရောက်လာသည်။
ကျောင်းပိတ်သော်လဲ သူ့မှာ ဘယ်မှမသွားဖြစ် အိမ်မှာသာနေသည်။
တစ်ခါတစ်လေ သူရိန်က သူ့ဆီ လာလည်ကာ နှစ်ယောက်သား တစ်နေကုန် စားလိုက်သောက်လိုက်နဲ့ Game ဆော့ကြသည် ။
ကိုကို ပိတ်ရက်တွေဆိုရင်တော့ ကိုကိုနဲ့ အပြင်သွားဖြစ်ကြသည်။
ကိုကို ကသားအပေါ် အလွန်ဂရုစိုက်သည်
ကျောင်းတက်တုန်းလဲ နေ့တိုင်းအကြိုအပို့လုပ်ပေးသည့်အပြင် ညဖက်တွေလဲ သူနားမလည်သည့်စာများကိုလဲ သေခြာရှင်းပြ သင်ပြပေးသည်။
ဒီနေ့လဲ အရင်နေ့တွေလို လုပ်စရာထွေထွေထူးထူးမရှိ
"ကြီးမေ "
"ဟင် သားငယ်လေး ဘာဖြစ်လို့လဲ "
"သားပျင်းလို့ "
"သားလေးက ဘာလုပ်ချင်လို့လဲ "
"ကိုကို ငယ်ငယ်တုန်းက အကြောင်းတွေ ပြောပြပါလား "
"သားက သိချင်လို့လား"
သူခေါင်းငြိမ့်ပြသည်
တကယ်လဲ သူကိုကို့ အကြောင်းတွေသိချင်သည်
အတူနေလာတာကြာနေပေမဲ့ ကိုကို့အကြောင်းဘာတစ်ခုမှ မမေးမိ
သူမေးလိုက်ရင် ကိုကိုမကြိုက်မှာလဲ ဆိုးမိသည်။
"သားကိုကိုက ငယ်ငယ်က အရမ်းချစ်စရာကောင်းတာ ဝကစ်ကစ်လေးနဲ့
သူ့မေမေနဲ့ဖေဖေကလဲ သူ့ကိုသိပ်ချစ်ကြတာ သားကိုကိုမမွေးခင်က စီးပွားရေးအခြေနေက အရမ်းကြီးအခြေနေမဆိုးပေမဲ့ ဒီလောက်တော့မကောင်းဘူးလေ သူမွေးလာမှ မိသားစု စီးပွားရေးက တိုးတက်လာတာ ဒါကြောင့်လဲ အားလုံးက ဝိုင်းချစ်ကြတာပေါ့ သူ့မေမေက နှလုံးရောဂါသမားလေ သူ့ကိုမွေးတုန်းကတောင် တော်တော်ခက်ခက်ခဲခဲမွေးခဲ့ရတာ
"
"ကိုကို့မေမေက ချောလာဟင်"
"ချောတာပေါ့ သားရဲ့ သားကိုကိုမေမေကဆို နာမည်ကြီးပဲ သူဌေးသား တော်တော်များများက သူ့ကို လိုချင်ကြတာ "
"ကိုကိုက အရမ်းကံကောင်းတာပဲ နော် ကြီးမေ "
"အချိန်အတိုင်းတာ တစ်ခုထိတော့ ကံကောင်းတာပေါ့ သားရယ်
သူ့မိဘတွေ ကားအက်စီးဒန့် မဖြစ်ခင်ထိပေါ့ အဲတုန်းက သားကိုကိုက 14နှစ်ပဲရှိသေးတာ ကျောင်းတက်နေတုန်းအရွယ်လေ ဘာမှနားလည်သေးတာ မဟုတ်ဘူးလေ "
ကိုကိုအဲချိန်တုန်းကတော်တော် အားငယ်နေခဲ့မှာ သူ့တုန်းကလဲ အဲလိုဖြစ်ခဲ့တာပဲလေ ဘယ်လိုခံစားရလဲဆိုတာ သူကောင်းကောင်းသိသည်။
YOU ARE READING
ရလို၍ ချစ်ခဲ့သည်(U/Z)