Episode (11) U/Z

86 9 1
                                    

အချိန်တွေဟာ တစ်ဖြေးဖြေးကုန်လာခဲ့သည်။
အရာရာတိုင်းဟာပုံမှန်တိုင်းမပြောင်းလဲ
ပြောင်းလဲသွားတာဆိုလို့ ရှင်းသန့်ရဲ့ စိတ်ပင် ။
မိမိကိုယ်ကိုယ် သိပီးတဲ့နောက်မှာ သူပို၍ အနေအထိုင်ဆင်ခြင်လာသည်။
အရင်လို ကြီးမေ ကိုချွဲနွဲ့တာမျိုးလဲ မလုပ်မိအောင်နေသည်။
ကိုကို့ အနားလဲ သိပ်မကပ်တော့
ကိုကို့အနားရောက်ရင် သူစိတ်တွေက အရမ်းလှုပ်ရှားလာသည်။
အသက်ရှုရခက်သလို နေမကောင်းချင်သလို ဖြစ်လာသည်။
ဟင့်အင် သူဒီလိုအခြေအနေမျိုးကိုလက်မခံနိုင်ပါ။
မိမိပထမဆုံးရင်ခုန်မိတဲ့ သူက ကိုယ့်ကိုညီလေးတစ်ယောက်ကို မေတ္တာထားပီး ဂရုစိုက်ပေးနေတဲ့ ကိုကို ဖြစ်နေတာကို သူလက်မခံနိုင်ပါ မဖြစ်သင့်ဘူးဆိုတဲ့ စိတ်ကြောင့် သူ့ကိုယ်သူ ပို၍ ဆင်ဆင်ခြင်ခြင်နေ ခြင်း ဖြစ်သည်။

ကိုကို့ ကိုလဲ ဆိုင်ကယ်လိုချင်ကြောင်း
ပြောတော့ ကိုကိုက လက်မခံ သူ့မှာ
ဆိုင်ကယ်ဖြင့်သာကျောင်းသွားချင်ကြောင်း
ရွယ်တူသူငယ်ချင်းများကလဲ ထို့နည်းတူ ဆိုင်ကယ်ဖြင့်သာကျောင်းလာကြကြောင်း အာပေါက်အောင် ပြောရသည်။
ကိုကိုက လက်မခံချင် ရှင်းသန့်ရဲ့ ခနခန နားပူနားဆာ လုပ်လွန်းရွေ့သာ ခွင့်ပြုလိုက်ရသည်။

ဒီတစ်ခါတော့ ငယ်ငယ်ကစက်ဘီးစီးတုန်းကလို ထိခိုက်ဒဏ်ရာ မရအောင်
ဂရုစိုက်ဖို့လဲ ထက်ခါထက်ခါ မှာသည်။

နောက်ရက်ရောက်တော့ ကိုကိုက သူ့အတွက် Click ဘီးအပြာရောင်လေး တစ်စီးချက်ချင်းဝယ်ပေးသည် ။
ကိုကိုဆိုသည်မှာ ရှင်းလေးကို အဲလောက်တောင်ဂရုစိုက်ပါသည်။
အဲလိုဂရုစိုက်ပေးမှုတွေကြောင့်လဲ
ရှင်းသန့်ရဲ့ စိတ်တွေက ပြောင်းလဲ လာခဲ့တာလား။

***************
တစ်လလောက်ကြာတော့ ရှင်းသန့်ဆိုင်ကယ်ကို ကျွမ်းကျွမ်းကျင်ကျင်စီးတက်နေပြီ။
မနက်ဖြန်ကစလို့ကျောင်းကို ဆိုင်ကယ် ဖြင့်သာသွားရတော့ ​မည်ဖြစ်သောကြောင့် သူပျော်သည်။
ကိုကို့လောင်းရိပ် အောက်က နည်းနည်းတော့ ထွက်လာနိုင်တာပဲမလား။

"Woo! မိုက်လှချေလား ငါ့ကောင်က ဘီးအသစ်တွေ နဲ့ "
"ငါဘယ်တုန်းက ဆိုင်ကယ်စီးဖူးလို့လဲ ဘီးအသစ်ပြောရအောင် "

ရလို၍ ချစ်ခဲ့သည်(U/Z)Where stories live. Discover now