Episode (6) Uni/Zaw

123 8 1
                                    


မနက်နိုးလာတော့ လုပ်စရာရှိကိစ္စများကို လုပ်ဆောင်ကြရသည်။
ဉီးလေးမြိုင်ကိုခေါ်ကာ ကလေးကို တရားဝင်မွေးစားဖို့ စာရွက် စာတန်းများလုပ်ရသည်
နောက် ကလေးကျောင်းတက်ဖို့ private school တစ်ခုမှ ကလေးကိုကျောင်းသွားအပ်ပေးရသည်
ကလေးအတွက်လိုအပ်တဲ့ ပစ္စည်းများ
အဝတ်အစား ၊စာရေးကိရိယာ၊ အသုံးအဆောင်များ ဝယ်ပေးရသည်
မန္တလေး မြို့တွင်း ကလေးကို နေရာစုံအောင် လိုက်ပို့ရင်းအတူလျောက်လည်ကြသည်
ကလေးက ဘုရားသွားချင်သည်ပြော၍ သူ့မှာ အံ့သြရသေးသည်
ကချင်းတော်တော်များများက ခရိယာန်များဖြစ်ကြသောကြောင့် ကလေးသည်လဲ ခရိယာန်ပဲ ဖြစ်မည်
ကလေးအား ဘာကြောင့်သွားချင်တာလဲ မေးတော့
သူကအခု ကိုကို့မိသားစုဖြစ်သွားပီ ကိုကို တို့ကိုးကွယ်သလို သူလဲကိုးကွယ်မည်တဲ့ သူတကယ်မထင်ထားပါ
အိမ်ပြန်ရောက်တော့ ညနေပင်စောင်းနေပြီ
"ပြန်ရောက်ကြပီလား ကလေးတွေ"
"ဟုတ်ကြီးမေ "
ကလေးက ပြုံးကာ ရီကာ ကြီးမေကိုပြောသည်
ဒီအိမ်ကိုရောက်တာ နှစ်ရက်ပင်ရှိသေးသော်လဲ ကလေးဟာ အရင်လိုစိမ်းမနေတော့ ရွှင်ရွှင်ပျပျလဲ ဖြစ်လာသည်။
"ပျော်တယ်ဆိုလဲ ပီးတာပါပဲတော် "
"ရှင်းလေး အပေါ်သွားနှင့်တော့လေ ကိုကို ပစ္စည်းတွေသယ်လာခဲ့မယ်"
"သားလဲ ကူသယ်မှာပေါ့ "
ဟုပြောကာ သူ့လက်မှ ပစ္စည်းအချို့ကိုယူကာ အိမ်ပေါ်တက်သွားသည်။
နေလင်းတို့ ထမင်းစားခန်းလေးသည် အရင်လို တိတ်ဆိတ် မနေတော့ ပါ စကားပြောသံ ရယ်မောသံများနှင့် သာယာလှ သည်
မေမေတို့ မရှိတော့ထဲက ဒီလိုအချိန်တွေ မရနိုင်တော့တာ
အခုတော့ ကြီးမေ နဲ့ ရှင်းလေးကြောင့်
တိတ်ဆိတ်နေတဲ့ သူအိပ်ဟာလဲ ​ ပြန်လည်သာယာ စိုပြေ လာခဲ့၏။
ကလေးနဲ့ ကြီးမေကို သူကျေးဇူးတင်မိသည်။

*********

"သားငယ်လေး ကျောင်းမှာစာကောင်းကောင်းသင်ခဲ့နော်
သူငယ်ချင်းလဲ များများရှာခဲ့ ပီးတော့မကောင်းတဲ့ လူဆိုးတွေနဲလဲ မပေါင်းရဘူးနော် ကြားလား "
"ဟုတ်ကဲ့ပါ ကြီးမေရဲ့ သားသိပါတယ် "
"သွားတော့.... သွားတော့... သား ကိုကိုစောင့်နေပီ "
ရှင်းလေးရဲ့ အခုပုံစံက ကလေး
ပေါက်စလေးနဲ့ တူနေသည်။
ရှင်းလေးတက် မည့်ကျောင်းက private. School ဖြစ်တာကြောင့် အစိုးရကျောင်းများလို အဖြူ အစိမ်း မဝတ်ရ ဒူးထိဘောင်းဘီတိုနက်ပြာရောင် ၊ရှပ်အ..ကျီလက်တိုအဖြူ ကို nicktie ကလေး နဲ့ ဝတ်ရသည်မို့ တစ်မျိုးကြည့်ကောင်းသည်။
"အဆင်သင့်ဖြစ်ပီလား ရှင်းလေး "
"ဟုတ် ကိုကို "
"ခါးပတ် ပတ်အုန်း "
သူပဲပြောကာ သူပဲ ကိုယ်တိုင်ပတ်ပေးလိုက်သည်။
ခြံထဲမှ ကားမောင်းကာ ကလေးကျောင်းသို့ထွက်လာခဲ့ကြသည် ။
ကျောင်းရောက်တော့ကလေးကို ကျောင်းအုပ်ကြီးထံ အပ်ကာ သူကတော့ ဆေးရုံသို့ထွက်လာခဲ့သည်။

ရလို၍ ချစ်ခဲ့သည်(U/Z)Where stories live. Discover now