ရှင်းလေး ဒီမှာကျောင်းတက်နေသည်မှာ ပထမ လပတ်ပင်ဖြေပြီးပီ
ဉာဏ်ကောင်းတဲ့ သူ့အတွက်တော့ ဒီလောက်က မခက်ပါ အေးဆေးဖြေနိုင်သည် ။
နေလင်း အလုပ်စာပွဲရှိရာသို့ မရောင်မလည်နဲ့ ရောက်လာကာ ပြန်ပြန်လှည့်သွားတဲ့ ရှင်းလေးကြောင့် နေလင်းမှာ မနေသာတော့
"ရှင်းလေး ကိုကို့ ကို ဘာပြောစရာရှိလို့လဲ"
"ဟို....ဟိုလေ ကိုကို့ ကို ဒါ....ဒါလေး ပြချင်လို့"
တစ်ဟိိုဟိုနဲ့ ပြောကာ စာပွဲပေါ်သို့တင်လာတဲ့ Report card လေး
"အခု ကိုကိုက သားရဲ့ အုပ်ထိန်းသူမလား အဲတာမို့ ကိုကို လက်မှတ်ထိုးပေးလို့ ရလား "
ဒီကလေးကတော့ ဘယ်လိုတွေ လာပြောနေတာလဲ
"ရတာပေါ့ ရှင်းလေးရဲ့ ကိုကိုလက်မှတ်ထိုးပေးမယ်နော်"
သူကြည့်လိုက်တော့ ဘာသာတိုင်းက အမှတ်ပြည့်တွေကြည့်ပဲ သချာ် တစ်ခုထဲ သာ အမှတ်67 ဖြစ်နေသည်။
ဒီကလေး စာတော်တာကိုသူသိထားပေမဲ့ ဒီလောက်ထိ ထင်မထား ။
"ဟို..အဲ တစ်ဘာသာကလေ သားသိပ်မကျွမ်းလို့ အမှတ်နည်းသွားတာ သားနောက်လ ပိုကြိုးစားပါ့မယ် "
သူကြည့်နေသည်ကို အမှတ်နည်း၍ သူ့ကိုဆူမည်အထင်နဲ့ အကြောင်းရင်းကို ပြာပြာသလဲ ရှင်းပြနေပြန်သည်။
"မဟုတ်ပါဘူး ရှင်းလေးရဲ့ ကိုကိုက အံ့သြနေတာ ကိုကို့ရှင်းလေး ဒီလောက်တော်မှန်းကိုကို မသိဘူး ကြည့်အုန်း ဘာသာတိုင်း က အမှတ်ပြည့်ပဲ အဲတစ်ဘာသာပဲ အမှတ်နည်းနေတာ ဒါလဲ ပြဿနာမဟုတ်ဘူးလေ ရှင်းလေးက အဲဘာသာအားနည်းနေလို့ပဲ ဟာ
ဒီမှာလဲ ကြည့် ကျောင်းလုပ်ဆောင်ချက်တွေ စာရိတ္တ ပိုင်းနဲ့ ကျန်တဲ့ အပိုင်းတွေရော A တွေကြည့်ပဲ ကိုကိုငယ်ငယ်ကတောင် ရှင်းလေးလောက် မတော်ဘူး"
တကယ်ပါ သူငယ်ငယ်ကတောင် ဘာသာတိုင်းအမှတ်ပြည့်မရဘူးဖူး ။
"အာ ဟုတ်..ဟီးးး သားက ကိုကိုသားကိုဆူတော့မလားလို့ "
"ကိုကို ဆူတော့ဆူချင်တယ် ရှင်းလေး "
"ဗျာ ..ဘာလို့လဲ ဟင်"
သူဆူမယ်ဆိုတော့ မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ ရှင်းကလေးပေါက်စ
"ကိုကိုဆူချင်တာတစ်ခြားကိစ္စတော့မဟုတ်ဘူး ရှင်းလေး သချာ်အားနည်းနေတာ ကိုကို့ ကိုဘာလို့မပြောတာလဲ ရှင်းလေးပြောရင် ကိုကိုက ရှင်းလေးကိုနားလည်အောင်သင်ပေးမှာပေါ့ "
"ဟို...အဲတာက ကိုကိုအလုပ်ရှုပ်မှာဆိုးလို့ပါ "
ဟော အားနာတဲ့ အသံနဲ့ ပြောလာပြန်ပီ
"ကိုကိုက အရမ််းတွေအလုပ်ရှုပ်နေတာမှ မဟုတ်တာ ရှင်းလေးကို စာပြပေးဖို့အချိန်လောက်တော့ ကိုကိုပေးနိုင်ပါသေးတယ်. ဘာလဲ ရှင်းလေးက ကိုကို့ ကိုအားနာနေပြန်တာလား"
"အဲ..အဲလိုမဟုတ်ပါဘူး သားက ဒီတိုင်း အလုပ်မရှုပ်စေချင်တာပါ"
"ဘာပဲဖြစ်ဖြစ် နောက်ရက်ကစပီး ကိုကိုရှင်းလေးကို စာပြပေးမယ် ဟုတ်ပီလား "
"ဟုတ် "
"နောက်ပီး..ရှင်းလေးကို ဆုချရအုန်းမယ် "
"ဟင် ဘာဆုချမှာလဲ"
အခုတော့လဲ ခနက မျက်နှာငယ်နဲ့ သူမဟုတ်တဲ့ အတိုင်း မျက်ဝန်းများဟာတောက်ပလို့
"ရှင်းလေးက အမှတ်ပြည့်လဲရတယ် အဆင့်၁ လဲရတယ်ဆိုတော့ ရှင်းလေး လိုချင်တာတစ်ခုခု ပြော ကိုကိုဝယ်ပေးမယ် "
"ကိုကို တကယ်ပြောတာလား "
"တစ်ကယ်ပေါ့ ကိုကိုက ညာစရာလား "
"ဟီးးးးးး အဲတာဆို သား စက်ဘီး လိုချင်တယ် "
"ဟုတ်ပါပီဗျ ဝယ်ပေးပါ့မယ်နော် ရှင်းလေးက စက်ဘီးရော စီးတက်ရဲ့လား "
"စီးတော့မစီးတက်ဘူးပေါ့ စီးတက်အောင် ကိုကို သင်ပေးပေါ့ "
"ဟုတ်ပါပီ ကြာ "
သး Report card မှာ လက်မှတ်ထိုးပေးလိုက်တော့ ပျော်ကာထွက်သွားသည်။
အခုနေလင်းက ဘွဲ့ရပီးထဲက ဖေဖေ့ company မှာ အလုပ်ဝင်လုပ်နေသည်
မကျွမ်းကျင်သေးတဲ့ နယ်ပယ်ထဲမှာမလို့ သူအစကနေ ပြန်လေ့လာနေရသည်
ဉီးထင်လင်းအောင် ကလဲ တစ်ဖက်က ကူညီပေးနေသော ကြောင့်သာ သူသက်သာသည် မဟုတ်ရင် မသက်သာလှ
YOU ARE READING
ရလို၍ ချစ်ခဲ့သည်(U/Z)