Episode 17 (U/Z)

79 7 1
                                    

ကျွန်တော့နာမည်က ရှိန်းဇေယျာမင်း

E major ဒုတိယနှစ်တက်နေတဲ့ 18နှစ်အရွယ် လူချောလေးပေါ့
ကျွန်တော်တက်နေတဲ့ University. မှာတော့ ကျွန်တော်က King ပေါ့
King ဖြစ်လဲဖြစ်ချင်စရာပဲ ကျွန်တော်က ချောတာကိုး
အရပ် 6 ပေကျော်ကျော်ရှည်ပြီး အသားအရေ ဆိုတာလဲ မဖြူလွန်း မညိုလွန်း ကြားအခြေနေမှာရှိပြီး
ပြုံးလိုက်တိုင်းမှိတ်ကျသွားတဲ့ မျက်ဝန်းတစ်စုံရယ် ရယ်လိုက်တိုင်း ထင်ထင်ရှားရှားမြင်နေရတဲ့ သွားတက် ကလေးတွေက မိန်းခလေးတိုင်းကို ညို့ယူဖမ်းစား နိုင်တဲ့ အစွမ်းတွေရှိသလား မှတ်ရသည်။

*ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာတော်သင့်ပီ*

ဒီနေ့က ကျောင်းပိတ်ရက်လဲ ဖြစ်တာကြောင့် ဖေဖေအကူညီ တောင်းထားတဲ့ ကိစ္စ ကိုသူလုပ်ပေးရအုန်းမည်။
ထွေထွေထူးထူးတော့ မဟုတ်  US ကအလည်လာကြတဲ့ ဖေဖေ မိတ်ဆွေ မိသားစုကို မန္တလေး အနှံ့လိုက်ပို့ပေးရန်သာဖြစ်သည်။
တစ်မနက်လုံး မြို့ထဲရှိ ဘုရားများ လိုက်ပို့ပီး နေ့လည်စာစားရန် နဲ့ စျေးထဲ ပတ်နိုင်ရန် Shopping mell တစ်ခုထဲတွင်သာ လာခဲ့ကြသည်။

ထိုမိသားစု ဝင်သွားတဲ့ ဆိုင်က ပင်လယ်စာ စားသောက်ဆိုင် တစ်ခုဖြစ်တာမို့ ဇေယျာ မျက်လုံးပြူးမိသည်။
ဇေယျာ ဆိုတာ ငယ်ငယ်ထဲက ပင်လယ်စာနဲ့ ဓာတ်မတည့် ၍ အခုချိန်ထိလုံးဝ မစားဖြစ်ပါ။
အခုလဲ ခနတဖြုတ်သာ လာလည်ကြသည့်ဧည့်သည်တွေ ဖြစ်တာကြောင့် သူလဲ
ထွေထွေထူးထူးမ​ပြောချင်တော့ပဲ လိုက်ဝင်သွားလိုက်သည်။

ဆိုင်အတွင်းရောက်တော့လဲ မှာလိုက်သမျှဟာ ပင်လယ်စာတွေကြည့်သာ။
အနည်းငယ်စားရုံနဲ့ဘာမှမဖြစ်နိုင်လောက်ဘူးဟုတွေးကာ ဇေယျာလဲ စားလိုက်မိသည်။

စားလို့တောင်မပီးသေး လူကမူမမှန်ချင်တော့ ခေါင်းတွေမူးလာကာ အန်ချင်လာသည်၊ အသက်ရှူခက် သလိုပါဖြစ်လာသည်မို့၊ ဧည်သည်တွေကို သန့်စင်ခန်းသွားရန်ပြောကာ ထွက်လာခဲ့လိုက်သည်။

သန့်စင်ခန်း ထဲရောက်တော့ ဘယ်လိုမှဟန်မဆောင်နိုင်တော့ကာ ဘေစင်အတွင်း အန်ချတော့သည်။
အန်လိုက်သော်လဲ မသက်သာလာ ခေါင်းတွေသာ ပိုပိုကိုက်လာသည်။
ထိုချိန် ကြားလိုက်ရတဲ့ အသံတစ်ခု
"Hay မင်းအဆင်ပြေရဲ့ လား "
ထိုလူ က သူ့ကိုမေးလာသောကြောင့်
ဖျော့တော့သောအသံနဲ့
" ဟို... ခေါင်း...ခေါင်းနည်းနည်း...မူးလို့ပါ"
ဇေယျာဖြေလိုက်တော့ မဆိုင်းမတွားပဲ
"ခနနော် ကိုယ်မင်း ကိုဆေးတိုက်မယ်"
လို့ပြောကာ သူ့နားကပြေးကာထွက်သွားသည်။

ရလို၍ ချစ်ခဲ့သည်(U/Z)Where stories live. Discover now