နေလင်း နိုးလာတော့ မှောင်ရီပျိုးစ အချိန်ပင်ရှိနေလေပြီ မိမိကတော့ အိပ်လို့ ကိုအာကာ ကတော့ အကြာကြီးမောင်းလာရ၍ အားနာရပြန်သည်
"ကိုအာကာ အကိုမောင်းနေတာ ကြာနေပီ ကျွန်တော် မောင်းရတော့မလား "
"အော် နိုးပီလား နေလင်းရ "
"ဟုတ်အကို ကျွန်တော် မောင်းမယ်လေ "
"ရပါတယ်ကွာ ငါပဲမောင်းပါမယ် မင်းတို့ အေးဆေးလိုက်ခဲ့ "
ကိုအာကာပြောသောကြောင့် သူဘာမှဆက်မပြောတော့ပေ******************
"ကချင်ပြည်နယ်မှ ကြိုဆိုပါ၏"ကချင်ပြည်နယ် ထဲတော့ ဝင်လာခဲ့ပြီ
သူတို့သွားကြမည့်နေရာကို ရောက်ဖို့ အတော်ပင်မောင်းရအုန်းမည်"ကလင် ကလင် "
"ဟယ်လို ဆရာဝန်ကြီး "
"မောင်နေလင်းရေ မောင်အာကာကို ပြောလိုက်ပါအုန်း မြို့ထဲမှာပဲ ဆရာတို့ ခနနားကြရအောင် ဟိုတယ် ဖြစ်ဖြစ် တည်းခိုခန်းဖြစ်ဖြစ် အဆင်ပြေမဲ့ နေရာလေး ရှာကြည့်ပါအုန်းလို့ "
"ဟုတ်ကဲ့ ဗျ "
" ကိုအာကာ ဆရာဝန်ကြီးက ပြောတယ် ဒီမှာပဲ ခနနားကြရအောင်တဲ့ တည်းဖို့ နေတာလေး ရှာကြည့်ပါအုန်းတဲ့"
" အော်.. အေးအေး "ကိုအာကာ အစီအစဉ် ဖြင့်သူတို့တစ်တွေ (...) ဟိုတယ် ကိုရောက်လာကြသည်
ဟိုတယ်မှာကျယ်ဝန်းပြီး သက်သက်ရပ်ရပ် ရှိတာမို့ သူ့အတွက်တော့ တော်တော်လေး အဆင်ပြေလှသည်
ကျန်ဆရာဝန် နှစ်ယောက်နဲ့ သူ သုံးယောက် တစ်ခန်းယူလိုက်သည်
ခရီးရှည် ကားစီးလာရမှာမို့ လူက ပင်ပန်းနေပြီ မို့ ကုတင်ပေါ်လှဲ နေလိုက်သည်
"အကို နေလင်းမောင် ရေမချိုးဘူးလား "
အခန်းအတူတူကျတဲ့ အတန်းတူ ေကာင်လေး ကမေးလာတာမို့ သူပြန်ဖြေလိုက်သည်
" အော်.. ချိုးမှာ နည်းနည်းကိုယ်လက်တွေနာနေလို့ "
"အကိုက ခရီးမထွက်ဖူးဘူး ထင်တယ် "
"ဟုတ်တယ် ငယ်ငယ်တုန်းကတော့ အမေတို့နဲ့ တော့ သွားဖူးတယ် မသွားဖြစ်တာ တော်တော်ကြာနေပီ ဆိုတော့ လေ "
"ဟုတ်တာပေါ့ အဲတာဆိုကျွန်တော်အရင်ချိုးလိုက်အုန်းမယ်နော်"
"အေး အေး "ထိုကောင်လေး ရေချိုးခန်းထဲက ထွက်လာတော့ သူရေဝင်ချိုးလိုက်သည်
ရေချိုးပြီး T shirt အမဲလက်ရှည် နဲ့ ဘောင်းဘီရှည် ကို တွဲဝတ်ကာ ညစာစား ရန် ခေါ်နေသောကြောင့် ဆင်းလာလိုက်သည်
YOU ARE READING
ရလို၍ ချစ်ခဲ့သည်(U/Z)