အပိုင်း ၁

3.9K 103 2
                                    

Unicode

ကျွန်တော့်နာမည်ကတော့တိမ်စိုင်ယံဖြစ်ပါသည်။ကျွန်တော့်မှာဖေဖေဉီးမိုးယံနှင့် ကိုကြီးနေမင်းယံဆိုတဲ့မိသားစုဝင်နှစ်ယောက်ရှိပါသည်။ ကျွန်တော့်မေမေကတော့ကျွန်တော်မွေးပြီးပြီးချင်းပဲဆုံးပါးသွားခဲ့ပါတယ်။ကျွန်တော်တို့မိသားစုကမန္တလေးမြို့အနီးက ပန်းပဲရွာလေးမှာနေပါတယ်။ အခုကျွန်တော့်အသက်က ၁၈ နှစ်ရှိပါပြီ။ပညာအရည်အချင်းကတော့၁၀တန်းကျပြီး ဆက်မဖြေတော့ပဲ တို့လို့တန်းလန်းအနေအထားမှာရှိပါသည်။ဖေဖေနဲ့ကိုကြီးကတော့ဆက်ဖြေမဖြေမပြောပါဘူး။ဘာကြောင့်လဲဆိုတော့ မွေးကတည်းက အမိမဲ့ခဲ့တဲ့ကျွန်တော့်ကိုအလိုလိုက်ထားတာကြောင့်ဖြစ်ပါသည်။ဒါကြောင့်ကျွန်တော်တိမ်စိုင်ယံကလည်းတစ်နေ့တစ်နေ့အိမ်လိုက်စားလိုက်နဲ့အချိန်ဖြုန်းပါသည်။ရွာမှာနေလို့လဲအထင်မသေးပါနဲ့နော် ရွာမှာသာနေတာ အဖေကလယ်တွေယာတွေအများကြီးပိုင်တာကြောင့်သူကိုယ်တိုင်အလုပ်မလုပ်ပဲလယ်ငှားယာငှားတင်ထားပါသည်။ ၅နှစ်ကွာသောကိုကြီးနေမင်းယံကလည်းမန္တလေးမြို့ပေါ်မှာဉီးမိုးယံနှင့်သားများဆိုတဲ့အိမ်ဆောက်ပစ္စည်းဆိုင်အကြီးကြီးကိုလဲဖွင့်ထားသေးပါသည်။ထို့ကြောင့်တိမ်စိုင်ယံတို့မိသားစုအခြေအနေသည်တောသူ​ဋ္ဌေးလို့ပြောလို့ရတဲ့အနေအထားမှာရှိပါသည်။ဒါကြောင့်ပန်းပဲရွာမှာဆိုရင် နှစ်ထပ်အိမ်ခြံဝန်းအကျယ်ကြီးနှင့်တိမ်စိုင်ယံတို့မိသားစုသည်တစ်ရွာလုံးကအထင်ကြီးအားကျရသောမိသားစုလေးဖြစ်ပါသည်။

တိမ်စိုင်ယံတစ်ယောက်ညစာစားပြီးနောက်ဖုန်းသုံးနေရင်းဗိုက်ဆာလာတာကြောင့်အိမ်အောက်ထပ်သို့ဆင်းလာကာအိမ်မှာအိမ်အလုပ်နဲ့စားဖို့သောက်ဖို့အတွက်ခေါ်ထားတဲ့ကြီးမေကိုအော်ခေါ်လိုက်သည်။

'ကြီးမေရေ ကြီးမေ ယံဗိုက်ဆာလို့ ဘာစားစရာရှိလဲ'

ထိုသို့အော်ခေါ်လိုက်တော့နောက်ဖေးမှာအလုပ်လုပ်နေသောကြီးမေက လှုပ်တုတ်လှုပ်တုတ်နဲ့ တိမ်စိုင်ယံအနားသို့ရောက်လာလေသည်။

'သားယံ အိမ်မှာ ကိတ်မုန့်တော့ရှိတယ်သားကိုကြီးအရင်ပတ်ပြန်လာတုန်းကဝယ်လာတဲ့ဟာလေ အဲ့တာရှိတယ်စားမလား'

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Where stories live. Discover now