အပိုင်း ၂၁

532 26 0
                                    

Unicode

အစေခံတစ်ယောက်ကစားပွဲပေါ်သို့ အချိုရည်နှစ်ခွက် လာချပေးလေသည်။

'မြို့စားမင်းသောက်ပါ'

'ဟုတ် ကျေးဇူးတင်ပါတယ်'

'အခုလိုမြို့စားမင်းကို ထမင်းဖိတ်ကျွေးရတာ ဝမ်းသာပါတယ်'

'ကျွန်တော်လည်း ဝမ်းသာပါတယ် ကျွန်တော်လည်း ဒေါ်မိုးမိအကြောင်းကိုကြားမိပါတယ်ဗျ ကြားမိတယ်ဆိုတော့ တစ်မြို့လုံးမှာရှိတဲ့လုပ်ငန်းတော်တော်များများက ​ဒေါ်မိုးမိလုပ်ငန်းတွေပဲလေ ကျွန်တော်လေးစားမိပါတယ်'

'ကျေးဇူးပါရှင် မြို့စားမင်းလည်း ဘာထူးလို့တုန်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုရာထူးနဲ့ဆိုတော့ ကျွန်မလည်း အထင်ကြီးလေးစားရပါတယ်ရှင် ဒါနဲ့ မြို့စားမင်းကဒီနှစ် ဘယ်ရွယ်ရှိပြီတုန်း'

'ကျွန်တော် ၂၆ ရှိပါပြီ'

'ထင်ထားတာထက် ငယ်တာပဲ'

ဒေါ်မိုးမိနဲ့ မြို့စားမင်းတို့စကားပြောနေစဥ် မိုးနှောင်းနဲ့မိုးရိပ်က အပေါ်ထပ်လှေကားနားကနေချောင်းကြည့်နေကြသည်။ထိုအချိန်တွင် မိုးရိပ်ကစကားပြောလာသည်။

'ကိုကို မြို့စားမင်း ကဒီလိုချောမယ်လို့တောင်မထင်ထားဘူး အရင်ကမြို့စားမင်းလို့မျိုး ဗိုက်ပူပြီး အဆီတစ်နေတဲ့ ပုံမျိုးပဲ ဖြစ်လောက်မယ်ထင်နေတာ အခုတော့ကြည့်ပါအုံး အရပ်ရှည်ရှည် ခန္တာကိုယ်တောင့်တောင့်နဲ့ တအားကြည့်ကောင်းတာပဲ'

'ဘာလဲ နင်ကအဲ့လိုပုံမျိုးသဘောကျတယ်ပေါ့'

'ရုပ်ချောတာတော့သဘောကျတယ် ဒါမဲ့ ညီမလေးက အသက်ကြီးတာတော့သဘောမကျဘူး ရွယ်တူပဲပိုသဘောကျတာ မြို့စားမင်း ကို ရတဲ့သူကတော့ကံကောင်းတာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ မြို့စားကတော်ဖြစ်တာလေ ဘယ်လောက်ကောင်းလိုက်မလဲ'

'အဲ့တာဆို နင်လုပ်လိုက်လေ မေမေလဲသဘောကျနေတဲ့ပုံပဲ အရင်မြို့စားတွေကို ဆက်ဆံတာနဲ့ကွာတာ  ကြည့်ပါလား'

'ကိုကိုကလည်း အသက်ကြီးတာမကြိုက်ပါဘူးဆို သူက ညီမလေးတို့ထပ် ၉နှစ်လောက်ကြီးနေတာကို အဲ့လိုအသက်ကြီးတဲ့သူတွေက သူတို့မိန်းကလေးတွေကိုချုပ်ချယ်တယ်လို့ကြားဖူးတယ်'

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Tempat cerita menjadi hidup. Temukan sekarang