အပိုင်း ၂၄

524 20 0
                                    

Unicode

'ကိုကိုကြီး မိုးနှောင်း ကိုကိုကြီးကိုချစ်တယ်'

ကြားလိုက်ရတဲ့စကားကြောင့် နွေဦးတစ်ယောက် အံ့သြသွားကာ မိုးနှောင်းကို မျက်လုံးပြူးကြီးနဲ့ ကြည့်မိသည်။ကိုကိုကြီး ကိုပြောစရာရှိတယ်ဆိုပြီး နွေဦးအလုပ်က ပတ်သတ်တဲ့ စာရွက်စာတမ်းတွေ ကြည့်နေတုန်း မိုးနှောင်းက ရောက်ချလာလေသည်။ကိုယ်လည်း  သူ့အလိုကျ အလုပ်တွေကို ဘေးထားပြီး ဘာပြောမလို့လဲ ဆိုသည့်သဘောနဲ့ နားထောင်နေတာကို ပြောလာတဲ့ စကားက ကိုကိုကြီးကိုချစ်တယ်တဲ့လား။

'ကိုကိုကြီး မိုးနှောင်း ပြောတာကြားလား မိုးနှောင်း ကိုကိုကြီးကိုချစ်တယ်လို့'

တွေးနေတဲ့တုန်းကို ကိုကိုကြီးကိုချစ်တဲ့ဆိုတဲ့စကား ထပ်ကြားလိုက်ရတော့ နွေဦးတစ်ယောက်အိမ်မက်မက်နေသလို။ကိုယ်လည်း ကြောင်တောင် ပေါင်တောင်နဲ့ ပြန်ပြောမိသည်က

'ဟမ်'

နွေဦးရဲ့ စိတ်မပါ လက်မပါ ပြန်ပြောလာပုံကိုကြည့်ရင်း မိုးနှောင်းက သူ့ကို ကိုကိုကြီးကငြင်းတော့မည်ဟု ထင်ကာ ပြောလာလေသည်။

'ဘာလဲ ကိုကိုကြီးက မိုးနှောင်းကို ငြင်းမလို့လား အာ့ဆိုမိုးနှောင်းကိုကိုကြီးကို နောက်ထပ်ဘယ်တော့မှစကား မပြောတော့ဘူး တွေ့လည်း မတွေ့တော့ဘူး နောက်ပြီး အဲ့တာ တစ်သက်လုံးနော် မိုးနှောင်းက ပြတ်တယ်ဆို ပြတ်တယ်ပဲ တင်းတာ လျော့တာ တွေရှိမှာမဟုတ်ဘူး ကယ်ပြော ကိုကိုကြီး မိုးနှောင်းကို ချစ်လား'

'ဟမ် ကိုယ် ကိုယ် '

နွေဦးတစ်ယောက်ပြန်ပြောဖို့တောင် စကားတွေ ထစ်နေသည်။ရုတ်တရပ်ကြီးဆိုတော့သူလည်း ဘာပြောရမှန်းမသိ။မိုးနှောင်း က သူကိုနောက်ထပ်မတွေ့တော့ဘူး ဆိုရင်တော့ သူဒီကလေးနဲ့ ခွဲနိုင်မှာမဟုတ်။ဒီကလေးက သူ့ရင်ဘက်တစ်နေရာတွင် နေရာ ယူပြီးပြီဆိုတာ သူကိုယ်တိုင်ပဲ သိပါသည်။မိုးနှောင်းနဲ့ သိလာတဲ့ ၅လ ၆လအတွင်း သူဘဝတွင် တစ်ခါမှ  မခံစားဖူးတဲ့ ခံစားချက်ကို မိုးနှောင်းနဲ့ တွေ့တဲ့အခါမှ ခံစားတတ်လာသည်။ဒါက အချစ်လို့ခေါ်တဲ့  ခေါင်းစဥ်အောက်ကအချစ်ဖြစ်နေခဲ့သည်။ချစ်ပါသည် ကိုယ့်ထက် ၉နှစ်ငယ်တဲ့ ဒီမိုးနှောင်းဆိုတဲ့ကလေးကို ချစ်ပါသည်။ဒါမဲ့ သူက ကြီးတဲ့ သူမို့အရင်ဖွင့်ပြောရပင်မဲ့ အခုတော့ ကလေး က ကိုယ့်ကို အရင်ဖွင့်ပြောလာတော့ ဘာလုပ်ရမှန်းမသိ အပျိုတွေလိုသုံးနှစ်သုံးမိုး စောင့်ပြီး စဥ်းစားရအောင်လည်း သူကမိန်းကလေးမဟုတ်။ဒါဆို တစ်လနှစ်လ လောက်စောင့်ရအောင်လဲ အမှန်ပြောရရင် သူက ဒီကလေးလေးနဲ့ အမြန်ဆုံး ချစ်ကြိုးသွယ်ချင်နေပြီ။ဒါမှ ဒီကလေးလေးကို အမြန်ဆုံး ပွေ့ဖက်ပြီး နမ်းရှုပ်နိုင်မည်မဟုတ်ပါလား။ဒါဆို တလ တလကလည်း များလွန်းတယ် ၁၀ရက်ကော ၁၀ရက်ကျတော့လည်း ရက်အရေအတွက်ကိုမကြိုက်ဘူး တစ်ပတ် ဆိုရင်ကော တစ်ပတ်ဆို ပစ္စည်းတွေလို တစ်ပတ်ရစ်ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ  ဒါဆို တစ်ရက် အင်မဆိုးဘူး ၁ဆိုတဲ့ နံပါတ်က ပထမဆုံးဆိုတဲ့အဓိပ္ပာယ် ရတဲ့ သဘောလေ။ဟုတ်ပြီး ကလေးက အဖြေတောင်းတော့ တစ်ရက်လောက်တော့ စဥ်းစားပေးရမှာပေါ့။ထို့နောက် နွေဦးတစ်ယောက် ချောင်းအသာဟန့်ကာ မျော်လင့်တကြီး စောင့်စားနေတဲ့ မျက်လုံးတွေနဲ့နွေဦးကို ကြည့်နေသော မိုးနှောင်းကို ကြည့်ကာ ပြောလိုက်လေသည်။

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Where stories live. Discover now