အပိုင်း ၁၇

604 36 0
                                    

Unicode

ဒီနေ့တော့ ဦးsun ကမြို့ပေါ်ပြန်မှာဖြစ်ပြီး ယံကတော့ ရွာမှာ အဖေနဲ့အတူ နေခဲ့အုံးမှာဖြစ်သည်။ရာရာတို့ကလည်း ကျော်စွာ့ကားက ကားပြင်ဆိုင်ရောက်နေတာမို့ အလာတုန်းက ရာရာတို့အိမ်ကလိုက်ပို့ခြင်းဖြစ်သည်။အခုအပြန်မှာ ဦးsun ကသူနဲ့ပြန်လိုက်ပါဆိုလို့ ရာရာတို့ကလည်း ဦးsunနဲ့အတူမြို့ပေါ်ပြန်လိုက်သွားမှာဖြစ်သည်။ကိုသက်နောင်ကတော့မနေ့တည်း ကရောက်နှင့်နေပြီဖြစ်သည်။စည်ကအစက စိတ်မဝင်စားဘူးတာ ပြောတယ် အခုတော့ ကိုသက်နောင်ကို အကြည့်မလွဲတမ်းဖြစ်နေသည်။အချစ်ဆိုတာ မထင်မှတ်ထားပဲ မလိုချင်တဲ့အချိန်မှာလဲပေါ်ပေါက်လာတတ်တယ်ဆိုတာ စည်တော့ နားလည်လောက်ပြီထင်သည်။ကိုသက်နောင်ကလည်း ရုပ်တည်ကြီးနဲ့တာ နေနေတာ သူလည်း စည့်ကိုသတိထားမိပုံပေါက်သည်။

ယံ ဦးsun ကိုကားနားထိလိုက်ပို့လေသည်။ထို့နောက် ဦးsun ကို အနားကပ်ကာပြောလိုက်သည်။

'ဦးsun ဟိုရောက်ရင်ဖုန်းဆက်နော်'

'ကိုယ်သိပါတယ်'

'ကိုသက်နောင်ကိုလည်း ကားကို ဂရုစိုက်မောင်းခိုင်းအုံး'

'ဟုတ်ပီ'

'နောက်ပြီးနေ့တိုင်းဖုန်းဆက်နော်'

'ဟုတ်ပီ'

'ညတိုင်းလည်း video callခေါ်နော်'

'ဟုတ်ပီ'

'နေကောင်းအောင် လဲနေအုံးနော်'

'ဟုတ်ပါပြီ ယံငယ်ရဲ့'

ရာရာက သူတို့တောင်ကားပေါ်ရောက်နေပြီ ကားပေါ်မတက်သေးဘဲ ခွေးစားတွေကျွေးနေသော ထိုအတွဲကို ကြည့်မရဖြစ်နေလေပြီ။ဦးသူရိန်ကတော့ထားပါတော့။ဟိုအကောင် ယံယံ ကပိုဆိုးလေသည်။ထိုကြောင့် ရာရာ က စိတ်မရှည်စွာ အော်ပြောလိုက်လေသည်။

'ဟဲ့အကောင် ယံယံ နင် ဘာလို့အဲ့လောက်ပိုနေတာလဲ ဟိုက ခရီးဝေးသွားတာလဲ မဟုတ် ဟိုနဲ့ ဒီကို တစ်နာရီခွဲ နှစ်နာရီလောက်ပဲ သွားရတဲ့ခရီးကို နောက်ပြီး နင်ကဒီမှာဘယ်လောက်ကြာကြာနေမှာမို့လို့လဲ အလွန်ဆုံးနေမှတစ်ပတ်ကို ပြီးရင် ဦးsun ကိုမခွဲနိုင်လို့ပါဆိုပြီး ပြန်လာမှာ နင့်အကြောင်းမသိတာကြလို့'

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Where stories live. Discover now