အပိုင်း ၉

797 47 2
                                    

Unicode

sun တစ်ယောက်သူ့အခန်းထဲတွင်ထိုင်နေကာ ငိုင်နေလေသည်။ဒီရက်ပိုင်းအတွင်း တိမ်ယံလေးကိုဖုန်းဆက်ပင်မဲ့ဖုန်းကမကိုင်။ သူ့အစ်ကိုကိုမေးတော့တစ်ချိန်လုံး စာမေးပွဲအတွက် စာလုပ်နေတယ်တဲ့လေ။သူ့အစ်ကိုက တိမ်ယံလေးနဲ့သူ့ကိုဘာဖြစ်တာလဲမေးတော့ sunဆီမှာဖြေဖို့ အဖြေမရှိချေ။အဲ့ကြောင့်ဒီတိုင်းစိတ်ကောက်နေတယ်လို့ပဲပြောထားသည်။အမှန်ပြောရရင် sunလဲတိမ်ယံလေးကိုချစ်မိနေပါပြီ။ဒီကောင်လေးနဲ့စတွေ့ကတည်းကsunအတွက်ဒီကောင်လေးက အရေးပါတဲ့သူဖြစ်လာသည်။သူဂရုစိုက်ချင်သည်။မဟုတ်ရင် ဘာမဟုတ်တဲ့လူတစ်ယောက်ကို sun ဘက်ကလိုလိုချင်ချင်စကားပြောမှာလဲ။အမှန်ပြောရရင် သူနဲ့ ဒီကောင်လေးကြား ကြိုးတစ်ခုခုနဲ့ ချည်နှောင်ထားသလိုခံစားရသည်။နောက်ပြီး ကောင်လေးနဲ့တွေ့ပြီးနောက် မိုးနှောင်းဆိုတဲ့ကလေးကို လဲ မကြာခနအိမ်မက်မက်လာသည်။တိမ်ယံလေးက မိုးနှောင်းဆိုတဲ့ ကောင်လေးနဲ့အလွန့်ကိုဆင်သည်။ဒါဆိုဘာလို့ တိမ်ယံလေးကိုလက်မခံတာလဲဆိုတော့ တိမ်ယံလေးအတွက် သူလက်မခံချင်တာ။သူနဲ့တွဲရင် တိမ်ယံလေးကိုပတ်ဝန်းကျင်ကပြောလာမယ်။နောက်ပြီး မျိုးဆက်ဆိုတဲ့အရာကယောကျာ်းတစ်ယောက်အတွက်လိုအပ်တယ်လေ။သူ့​ကြောင့်မဟုတ်ပဲတိမ်ယံလေးကိုကောင်းမွန်တဲ့မိသားစုကိုပိုင်ဆိုင်စေချင်တယ်။ဒါကတိမ်ယံလေးကိုချစ်တဲ့သူစေတနာပါ။ကောင်လေးကိုသူ့အတွက်ကြောင့်နဲ့မထိခိုက်စေချင်တာsunရဲ့စိတ်ရင်းဖြစ်သည်။ဒါမဲ့တိမ်ယံလေးငိုတာတွေ့တော့ သူ့ရင်ဘက်ထဲနာကျင်ရပါသည်။အခုရက်ပိုင်းတွေ တိမ်ယံလေးကိုမတွေ့ရတော့ သူ့ဘဝကြီးက တစ်ခုခုလိုနေသလိုလစ်ဟာနေနေသည်။ကောင်လေးရဲ့ ဦးsun ဆိုပြီး ခေါ်တဲ့အသံလေးကိုမကြားရတော့ သူမှာနေမထိထိုင်မသာ။ဒီလိုဆို သူကောင်လေးကိုလက်လွှတ်န်ိုင်ပါ့မလား။ဒါမဲ့ကောင်လေးကသူနဲ့တွဲရင်ဖြစ်လာမဲ့ဒဏ်တွေကိုလဲမခံစေချင်။သူ့မှာဝေခွဲမရ ဒွိဟတွေဖြစ်ရင်းနဲ့ လူကအဆင်မပြေလာတော့ပါ။ဒီရက်ပိုင်းအလုပ်လုပ်ရတာလဲစိတ်မပါတော့။တိမ်ယံလေးကိုအမြန်ဆုံးတွေ့နိုင်အောင် အလုပ်ကိစ္စတွေကိုအပြီးဖြတ်နေပါတယ်ဆိုကွာ။ယံအတွေးများနေတုန်း ဦးလေးက sun အခန်းထဲဝင်လာကာ sun အရှေ့ကခုံမှာဝင်ထိုင်လေသည်။

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Donde viven las historias. Descúbrelo ahora