အပိုင်း ၁၃

679 43 0
                                    

Unicode

ဒိီနေ့ယံ ရွာကိုပြန်တဲ့နေ့ဖြစ်ပါသည်။ဦးsun နဲ့ ယံတို့နှစ်ယောက်ကို ကိုသက်နောင်က ကားမောင်းပြီး ရွာကိုလိုက်ပို့ပေးပါသည်။ကားနောက်ခန်းတွင်နှစ်ယောက်သားထိုင်နေရင်း ယံက ဦးsun ရင်ခွင်ထဲတိုးဝင်ထိုင်လိုက်ကာ စကားပြောလိုက်သည်။

'ဦးsun ရွာမှာ ဘယ်နှစ်ရက်နေမှာလဲဟင်'

'ကိုယ်လား တစ်ပတ်လောက်နေမယ်လေ ယောက္ခထီးကြီးနဲ့လဲ ရင်းနှီးမှုရသွားအောင်'

'ဦးsun ကြီးက ယံ့ဖေကြီးကယံတို့ကိုသဘောတူလား မသိ မတူဘူးလားမသိအခုတလော ယောက္ခထီးကြီးလို့ ပြောရတာ သဘောကျနေပုံပဲ'

'ဘာလဲ ကိုယ်ကမပြောရဘူးလား'

'မဟုတ်ပါဘူး ပြောပါ နောက်ဆို အဖေလို့တောင်ခေါ်ရမှာပဲဟာ ဟီးဟီး'

ယံကသဘောကျသလိုပြောလိုက်တော့ ဦးsun ကပြုံးကာယံနဖူးပေါ်နမ်းလာလေသည်။အရှေ့ကကိုသက်နောင်ကိုနောက်ကြည့်မှန်ကနေတဆင့်ကြည့်လိုက်တော့ယံတို့ကိုရှိတယ်လို့တောင် သဘောမထားသည့်ပုံပင်။

'ဦးsun အာ့ဆို ဦးsunရဲ့အလုပ်တွေကကော အဆင်ပြေပါ့မလား'

'အင် သက်နောင်ကကိုယ်တို့ကို ပို့ပြီး တန်းပြန်မှာလေ အလုပ်ကိစ္စတွေ သူတာဝန်ယူလိမ့်မယ်'

'ဟုတ်'

နှစ်ယောက်သား ခနလောက်ငြိမ်သွားပြီးနောက် ယံရုတ်တရပ်ကြီးထမေးလိုက်သည်။

'ဦးsun ယံကို ဘယ်အချိန်ထိချစ်မှာလဲဟင်'

'ကိုယ့်ရဲ့ အသက်ထွက်တဲ့အချိန်ထိ တသက်လုံး ချစ်သွားမှာ ဒါနဲ့ ကိုယ့်ရဲ့ယံငယ်လေးအခုတလော အဲ့မေးခွန်းသိပ်မေးနေပါလား ဦးsun ယံ့ကို ချစ်လားကြဘာလို့မမေးတာလဲ'

'ဦးsun ကယံ့ကိုချစ်တယ်ဆိုတာ ယံသေချာပေါက်သိတယ်လေ ယံမသိနိုင်တာက နောက်တစ်ချိန်ဦးsun ကယံ့ကိုမချစ်တော့မှာကိုကြောက်တာ'

sun ကရင်ခွင်ထဲတွင်ထိုင်နေသောယံ့ကိုတင်းကြပ်စွာဖက်လိုက်ပြီ ပြောလိုက်သည်။

'ကိုယ်မှာ အခုချိန်ထိတောင် ချစ်လို့ကိုမဝသေးတာ နောက်နှစ်ပေါင်းများစွာထိလည်း ကိုယ့်ရဲ့ယံငယ်လေးကိုချစ်လို့ဝနိုင်မယ်မထင်ဘူး ဖြစ်နိုင်ရင် နောက်ဘဝထိတောင်လိုက်ပြီး ချစ်လိုက်ချင်တယ်'

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Where stories live. Discover now