အပိုင်း ၆

808 47 0
                                    

Unicode

ဒီလိုနဲ့ပဲ အချိန်တွေကရွေ့လျားလာကာ ယံတစ်ယောက်စာသင်နေတာနှစ်ရက်တောင်ရှိသွားပြီ။ဦး sunနဲ့လဲညပိုင်းမှသာစကားပြောဖြစ်တော့သည်။ဦးsunကယံအိပ်ရေးပျက်မှာဆိုးတာကြောင့် အရင်လို့နောက်ကျတဲ့ထိမနေခိုင်းပဲ ၈နာရီကနေ ၁၀နာရီလောက်ထိသာဦးsunနဲ့စကားပြောခိုင်းပြီး ပြီးတာနဲ့တန်အိပ်ရာဝင်ခိုင်းပါသည်။ဦးsunကပြောတယ်ဆယ်တန်းကျောင်းသားကအိပ်ရေးဝဖို့လိုတယ်တဲ့။မနက်ဆိုစာသင်ချိန်ကကိုးနာရီစတာမို့ ၈နာရီလောက်ထဲကထရကာအရင်လိုနောက်ကျတဲ့ထိအိပ်လို့မရတော့ပေ။စာသင်တဲ့ဆရာတွေကလဲစာအသင်အပြတော်တော်ကောင်းပါသည်။ သူတို့တစ်ခါရှင်းပြတာနဲ့ယံတစ်ခါတည်းနဲ့နားလည်ပါသည်။သူတို့ကို စာသင်ခဘယ်လောက်လဲလို့မေးခဲ့တုန်းကလည်းဦးsunကတစ်ခါတည်း ပေးပြီးသွားပြီတဲ့လေ။အဲ့လို ဦးsunက ယံ့အပေါ်ကောင်းလှပါသည်။

ဒီနေ့တော့ တနင်္ဂနွေနေ့ဆိုတော့ယံတစ်ယောက်နားရက်ရလေသည်။ထို့ကြောင့်၁၁နာရီလောက်မှထဖြစ်သည်။တစ်ပတ်မှာ၆ရက်စာသင်ရပြီး ဒီနေ့ကနားရက်မို့ မနေ့ကဦးsunနဲ့ ၁၂နာရီလောက်ထိစကားပြောလို့ရခဲ့သည်။ဦးsunကအဲ့လိုလဲ ယံ့ကိုအလိုလိုက်ပါသည်။
ယံရေမိုးချိုးအဝတ်အစားလဲပြီးနောက်အောက်ထပ်သို့ဆင်းလာခဲ့သည်။အောက်ထပ်ကိုရောက်တော့ကိုကြီးကယံ့ကိုမြင်တာနဲ့ ပုံးကြီးကြီးတစ်ပုံးသယ်ကာယံ့အနားရောက်လာလေသည်။

'ယံလေးနိုးပြီလား'

'ဟုတ်ကဲ့ကိုကြီး'

'အင်ကိုကြီးယံလေးစားဖို့တစ်ခုခုလုပ်ထားတယ် စားလိုက်အုံး အော် ဒါနဲ့ ဒီမှာ ယံ့အတွက်ပါဆယ်ပုံးရောက်နေတယ် ကိုကြီးကဘယ်သူပို့တာလဲမေးတော့ ဘာမှမပြောဘူးရယ်ဒီတိုင်းယံ့အတွက်လို့ပြောပြီးပေးခဲ့တာ'

ဟုဆိုကာ ကိုကြီးကယဲ့ကိုထိုပါဆယ်ပုံးကြီးထိုးပေးလာသည်။

'အာဟုတ် ယံစားပြီးရင်ဖွင့်ကြည့်လိုက်မယ်ကိုကြီး'

'ဟုတ်ပီ  ဟုတ်ပီ

ထို့နောက် ယံစားသောက်ပြီးတာနဲ့ယံ့အခန်းထဲဝင်ကာခုနကပါဆယ်ပုံးကြီးကိုဖွင့်ရန်ပြင်လိုက်လေသည်။ဒါနဲ့ ဒီဟာကဘာနာမည်မှမပါဘူးဆိုတော့ ဗုံးတော့မဟုတ်လောက်ပါဘူးနော် ဗုံးထည့်ထားတာဆို သေးသေးလေးဖြစ်ရမှာလေ အခုကအကြီးကြီးပဲကို။ယံတစ်ယောက်ရူးကြောင်ကြောင်အတွေးနဲ့တွေးကာ ထိုပါဆယ်ပုံးကိုဖွင့်လိုက်လေသည်။ယံဖွင့်လိုက်တော့တွေ့ရတာက လွယ်အိတ် ဖိနပ် စာရေးကိရိယာအစုံ ဖြစ်လေသည်။ ထို့ပစ္စည်းများကိုသေသေချာချာကိုထုတ်ပိုးထားကာပုံးထဲတွင်ထည့်ထားခြင်းဖြစ်သည်။ယံထိုပစ္စည်းများကိုထုတ်ကြည့်နေတုန်းကိုကြီးက ယံ့အခန်းထဲရောက်လာလေသည်။

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Dove le storie prendono vita. Scoprilo ora