အပိုင်း ၁၉

590 31 0
                                    

Unicode

ဒီနေ့တော့ ယံတစ်ယောက် တအားတွေစိတ်လှုပ်ရှားနေသည်။မနေ့က ယံတို့သူငယ်ချင်းတစ်ဖွဲ့ ဦးsunရဲ့မွေးနေ့ပွဲကျင်းပဖို့ရန်အတွက် shopping ထွက်ကြလေသည်။နောက်ပြီး ယံတို့နှစ်ယောက်အတွက် စုံတွဲလက်စွပ်လည်း တစ်ခါတည်း ဝင်ကြည့်ခဲ့သည်။ယံကြိုက်တဲ့ ပလက်တီနမ် လက်စွပ်နှစ်ကွင်းကိုတွေ့ခဲ့သည်။ပုံစံလေးကတော့ရိုးရိုးရှင်းရှင်းလေးပဲ ဒါမဲ့ယံစိတ်ထဲတအားကြိုက်တာနဲ့ ဦးsunရဲ့လက်တိုင်းနဲ့လဲ အကိုက်ဖြစ်နေတော့ယံစုထားတဲ့ ကိုယ့်မုန့်ဖိုးလေးနဲ့ကိုယ် ဝယ်ခဲ့သည်။လိုတဲ့ပိုက်ဆံကို ကိုကြီးဆီက ဓားမြတိုက်ခဲ့တာကိုတော့မပြောတော့ပါဘူး။ဆိုင်က လက်စွပ်လေးတွေရဲ့အထဲမှာ နာမည်လေးတွေလဲထိုးလို့ရတယ်ဆိုလို့ ယံလည်း ဦးsunရဲ့ လက်စွပ်မှာ yun လို့ထိုးစေပြီး ယံရဲ့လက်စွပ်မှာတော့ sunလို့ထိုးစေရန် လက်စွပ်လေးကိုဆိုင်မှာပဲ ပြန်ထားခဲ့သည်။ဒီနေ့ နေလည် ဆိုင်မှလာပို့ပေးမည်ဟု ဆိုသောကြောင့် ယံလည်း လိပ်စာပေးခဲ့လိုက်သည်။ဦးsun ရဲ့မွေးနေ့ကို ယံ့အိမ်မှာပဲလုပ်ပေးပြီးနှစ်ယောက်တည်းကျင်းပဖို့စီစဥ်ထားသည်။အဲ့တာမှာ ယံစိတ်ကြိုက် ပြင်ဆင်ပေးလို့ရမှာလေ။ဦးsun ကို မနေ့ကတည်းက​ဖုန်းဆက်ပြောတော့ ဦးsunကလည်း သဘောတူတ
ယ်လေ။အမှန်ပြောရရင် ဦးsunက ယံဘာပြောပြောမငြင်းပဲအမြဲတမ်းသဘောတူတဲ့သူပဲဟာ။အဲ့လောက်ထိကို ဦးsun ကယံကိုချစ်ပါသည်။မနက်ကတော့ သူငယ်ချင်းသုံးယောက်က မွေးနေ့ပွဲအတွက်လာပြင်ဆင်ပေးသေးသည်။နောက်တော့ယံလည်း သူတို့ကို မောင်းထုတ်လိုက်သည်။ကိုကြီးကိုလည်း ညကြရင် အပေါ်ကို တက်မလာဖို့တစ်ခါတည်းမှာထားပြီသား။အခု ယံလက်စွပ်လာပို့ဖို့ကိုစောင့်နေတာ။ဆိုင်ကခုနကလာပို့မယ်လို့ဖုန်းဆက်ထားသည်။ခနနေတော့ ဆိုင်ကယ်နဲ့ လူကြီး တစ်ယောက်က လက်စွပ်တွေကို လာပို့လေသည်။ယံလည်း ယူပြီး အပေါ်တက်ကာ လက်စွပ်တွေကို ထုတ်ကြည့်လိုက်သည်။စာတန်းထိုးထားတာလေးတွေက အလွန့်ကိုလှပါသည်။ယံ့မှာ လက်စွပ်တွေကို ထပ်ခါထပ်ခါ ထုတ်ထုတ်ကြည့်ပြီး သဘောတွေကျနေလေသည်။ဒါက ယံဘဝအတွက် ချစ်ရသောသူနဲ့ အတူတူ ဆင်တူလက်စွပ်လေး ဝတ်ရတော့မည်မဟုတ်ပါလား။ယံကပျော်ရွှင်နေသလောက် တစ်ဖက်တွင်လည်း sunတစ်ယောက် ဖိုင်တစ်ခုကိုကိုင်ကာ အလောတကြီးဦးလေး အခန်းထဲဝင်လာလေသည်။sun မှာ တံခါးခေါက်ဖို့တောင် သတိမရတော့ပါ။sun အထဲဝင်တော့ ဦးလေးကစာအုပ်ဖတ်နေလေသည်။sunရဲ့ ပုံစံကိုကြည့်ပြီး ဦးလေးကစာအုပ်ကို စားပွဲပေါ်တင်လိုက်ကာ sun ကိုကြည့်၍ပြောလာလေသည်။

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Onde histórias criam vida. Descubra agora