အပိုင်း ၂၉

566 32 0
                                    

Unicode

"မိုးရိပ်  တကယ်ပဲ မင်းကမိုးရိပ်ပဲလား အာ့ဆို အာ့ဆို အဲ့တာတွေက"

"ဟုတ်တယ် ယံငယ် အိမ်မက်မဟုတ်ဘူးအဲ့တာကိုယ်တို့နှစ်ယောက်ရဲ့ အတိတ်ဘဝကအဖြစ်အပျက်တွေပဲ"

ဟု ယံအနောက်တွင်ရပ်နေတော့ ဦးsun ဆီက အသံထွက်လာလေသည်။ယံအနောက်တွင် ရပ်နေသော ဦးsun ကိုကြည့်ကာ ပြောလိုက်လေသည်။

"မဖြစ်နိုင်တာ ယံတို့က ယံတို့က"

sun က အံ့သြတကြီးနဲ့ မျက်ရည်တွေဝဲနေသော ယံငယ့်အနားကိုသွားကာ ယံငယ်လေးရဲ့ ပါးတစ်ဖက်ကို လက်ဝါးလေးနဲ့နူးညံ့စွာပွတ်သပ်ပြီး ပြောလေသည်။

"ယံငယ်လေး အခုအဲ့တာတွေကို ခနမေ့ထားပြီး သူနဲ့ စကားမပြောချင်ဘူးလား"

ယံခေါင်းညိတ်ပြလိုက်သည်။ယံသူနဲ့စကားပြောချင်ပါသည်။ဘာပဲဖြစ်ဖြစ်သူကယံ့ရဲ့ညီမလေးဖြစ်ခဲ့သည်။ယံ မိုးရိပ်ကိုသေချာပြန်ကြည့်လိုက်လေသည်။ယံကြည့်လိုက်တော့မှ မိုးရိမ်က အသက်ကြီးသွားပင်မဲ့လဲ မျက်နှာပေါက်က ယံနဲ့ခပ်ဆင်ဆင်တူလေသည်။ထိုအချိန်တွင် မိုးရိပ်က ယံတို့ကို စကားပြောလာလေသည်။

"မိုးနှောင်း မဟုတ်ပါဘူး သားတို့ အိမ်ထဲဝင်ကြအုံးလေ"

"ဟုတ်"

ထို့နောက် ယံတို့သုံးယောက် မိုးရိပ်ရဲ့ အိမ်ထဲကို ဝင်ကြလေသည်။ဧည့်ခန်းရှိ ခုံတွင် ယံတို့ဝင်ထိုင်ပြီးနောက် ဒေါ်မိုးရိပ်ကပြောလာလေသည်။

"ထိုင်အုံးနော် သောက်စရာအချိုရည်လေးသွားယူပေးမယ်"

"ရပါတယ် မိုးရိပ်ရဲ့ မလိုဘူး သွားမယူနဲ့တော့"

မိုးရိပ်လဲ သွားမယူတော့ပဲ ယံ့အနားတွင်သာဝင်ထိုင်လေသည်။ထို့နောက်သူက ယံ့ကိုကြည့်ကာ မျက်ရည်တွေဝဲရင်းဆိုလာလေသည်။

"အရင်တိုင်းပဲ မျက်နှာက အရင်တုန်းကနဲ့တူတူပဲ ထူးဆန်းလိုက်တာ ယုံတောင်မယုံနိုင်ဘူး"

"ငါကောပဲ မိုးရိပ်"

ယံ့က ထိုသို့ဆိုတော့ ဦးsun ကယံ့ကိုကြည့်ကာ ဆိုလာလေသည်။

"ယံငယ်လေး မိုးရိပ်လို့ခေါ်လို့မရတော့ဘူးလေ ဘာပဲဖြစ်ဖြစ် သူကယံငယ်လေးထပ် အသက်ကြီးနေပြီဆိုတော့ရိုရိုသေသေခေါ်ပါ အခုချိန်ယံတို့က မောင်နှမမဟုတ်တော့ဘူးလေ ဟုတ်ပီလား"

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Opowieści tętniące życiem. Odkryj je teraz