အပိုင်း ၁၁

767 45 0
                                    

Unicode

ဒီနေ့က ဦးsunနဲ့ ယံတို့ရဲ့  ချစ်သူဖြစ်ပြီး ပထမဆုံးဒိတ်လေးပေါ့။ယံတို့ပထမဆုံးရုပ်ရှင်ကြည့်ဖို့အတွက်ရုပ်ရှင်ရုံသို့လာခဲ့လေသည်။ဦးsun ကယံတို့အတွက်အတွဲခုံကိုဖြတ်ထားတာတဲ့လေ။ဦးsun ကယံဘာပတ်ဝန်းကျင်မှဂရုမစိုက်ဖူးလို့ပြောပြီးကတည်းက ဦးsunလည်းပတ်ဝန်းကျင်ကို ဂရုမစိုက်ဟန်ပေါ်ပါသည်။ဦးsun ကလူကြားထဲတောင်ယံလက်ကို တင်းကျပ်အောင်ဆုတ်ကိုင်ထားတတ်သည်။ဒီလူကြီးကသိပ့်က်ိုချစ်ဖို့ကောင်းပါသည်။အခုလည်း ယံ့အတွက် ပေါက်ပေါက်၊အချိုရည်နဲ့မုန့်တွေဝယ်လာပြီးယံလက်ကိုဆွဲကာ ရုပ်ရှင်ရုံထဲယံတို့ထိုင်မည်နေရာသို့ဝင်လာခဲ့သည်။လမ်းတစ်လျှောက်တွင်ယံတို့ကိုကြည့်နေကြသည့်မျက်လုံးတွေမှအများကြီးပဲ။ယံကပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူးဆိုပင်မဲ့ ဘာပဲဖြစ်ဖြစ် ဒါမျိုးကပထမဆုံး အကြိမ်ဆိုတော့ ယံရှက်တော့ရှက်မိပါသည်။ရှက်တာက သူများတွေပြောမှာကြောက်လို့မဟုတ်ပဲဒီလိုမျိုး ဦးsunနဲ့လူများတွေအမြင်မှာလက်ချင်းတွဲရတာမို့ ကြည်နူးမှုနဲ့အတူရှက်စိတ်လေးကြောင့်ဖြစ်သည်။နောက်တော့ ကိုင်တာများရင်အသားကျသွားမှာပါလေ။sunတစ်ယောက် ခေါင်းငုံလျက် လက်ဆွဲရာနောက်ကိုပါလာသော ယံငယ့်ကိုကြည့်ပြီး အသဲယား ကာတစ်ချက်ရယ်လိုက်လေသည်။ဒီကောင်လေးအခုရှက်နေတာလား။

'ယံငယ်လေး ရှက်နေတာလား'

'အင် နည်းနည်းပေါ့ ဟီး ဟီး'

'မရှက်နဲ့ ကိုယ့်ကိုပဲကြည့်နေ ဟုတ်ပြီလား'

'ဟုတ် ဦးsun'

ထို့နောက်သူတို့နှစ်ယောက် နေရာသို့ရောက်သောအခါ ထိုင်လိုက်ကြလေသည်။ထိုင်တဲ့နေရာတွေက အတွဲခုံတွေဆိုတော့ ဘေးမှာကာထားတာလေးတွေရှိတဲ့အတွက် ယံအခုမှပဲ အရှက်ပြေသွားတော့သည်။ခုနနေတော့ရုပ်ရှင်စလေသည်။ယံတစ်ယောက် ဦးsun လက်မောင်းကိုဖက်ပြီးမှီကာပေါက်ပေါက် စားလိုက် ကိုလာသောက်လိုက် ရုပ်ရှင်ကြည့်လိုက်နဲ့တော်တော် ကိုအဆင်ပြေနေလေသည်။ယံဘဝမှာ ပထမဆုံးအကြိမ် အတွဲခုံမှာချစ်ရသူနဲ့အတူ ကြည့်ဖူးခြင်းမဟုတ်ပါလား။ထို့ကြောင့်ယံရင်တွေခုန်နေတာကတော့အသေအချာပင်။ခုန်လွန်းလို့ အပြင်တောင်ထွက်ကျမလား အောက်မေ့ရတယ်။ယံဦးsun ကိုမော့ကြည့်လိုက်သည်။ယံကြည့်လိုက်တော့ ဦးsun ကယံ့ကိုကြည့်နေတာကိုတွေ့လိုက်ရသည်။ရုပ်ရှင်ရုံထဲမှာဆိုတော့ မှောင်နေတာနဲ့ သေချာတော့ မမြင်ရပေ။ထို့ကြောင့် ယံလည်း ဦးsun ကိုမေးလိုက်သည်။

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Donde viven las historias. Descúbrelo ahora