အပိုင်း ၈

743 45 1
                                    

Unicode

ဒီလိုနဲ့ အချိန်တွေကုန်ဆုံးလာရင်းနောက်လဆို စာမေးပွဲတောင်ဖြေရတော့မည်။

'ဦးsun သိလား'

'အင်'

အခုယံ ဦးsunနဲ့video call ပြောနေတာဖြစ်သည်။

'အခုလေ ကိုကြီးနဲ့ ဟို နွေးဆိုနဲ့မိန်းမကြီးနဲ့ တွဲနေကြပြီသိလား အဖေ့ကိုတောင်​တွဲနေတဲ့အကြောင်းပြောပြီးကြပြီ အဖေက သဘောတွေကျနေတာအဲ့မိန်းမကိုကြည့်လို့မရပါဘူးဆို'

'တိမ်ယံလေး ကမိန်းကလေးတစ်ယောက်ကိုအဲ့လိုမပြောရဘူးလေ'

'မသိဘူး ယံမှသူ့ကိုကြည့်လို့မရတာ'

'တိမ်ယံလေးကလိမ္မာတဲ့ကလေးတစ်ယောက်ပါ သူများတွေဆိုအဲ့လိုမပြောတတ်ပါဘူး ဘာလို့နွေးယမှုန်လှိုင်ကြမှအဲ့လိုဖြစ်နေရတာလဲ'

'ဦးsun မသိလို့ ဦး အဲ့နွေးဆိုတဲ့အစ်မကိုတွေ့ရင်ယံ့လိုပဲခံစားရလိမ့်မယ်'

'ဟုတ်ပါပြီ နောက်တစ်ခါ မိန်းကလေးတစ်ယောက်ကို အဲ့လိုရိုင်းတဲ့စကားလုံးသုံးပြီး မပြောရဘူးနော် ကိုယ့်တိမ်ယံလေးကလိမ္မာပါတယ်'

'ဟီး ဟီး ဟုတ်ကဲ့'

'အင်'

'အော်ပြီးတော့လေ သိလား နှင်းယမှုန်လှိုင်ကဒီနေ့မနက်လည်းယံ့ကိုမုန့်တွေလာပေးပြန်ပြီ လက်မခံလဲမရဘူး သူ့တို့ညီအစ်မနှစ်ယောက်ကယံ့ကိုဘယ်လိုဒုက္ခပေးလို့ပေးမယ်မသိဘူး'

'အင်'

'ဦးsun အဲ့နှင်းဆိုတဲ့မိန်းကလေးကကျွန်တော့်ကိုကြိုက်နေတာတဲ့သိလား'

'သိသာနေတာပဲဟာ သူမုန့်တွေပေးလိုက် ဟိုဟာပေးလိုက်ဒီဟာပေးလိုက်နဲ့ကို ကလေးအကွက်လေးတွေလေ'

'ဦးsunကဘယ်လိုမှမနေဘူးလား'

'ဟင် ကိုယ်ကဘယ်လိုနေရမှာလဲ'

'ဦးsun ကလည်းသူကကျွန်တော့်ကိုကြိုက်နေတာပါဆို'

'အင်းလေ'

'ဦးsunကလည်း ယံဆိုဦးsunကို တစ်ယောက်ယောက်ကလာကြိုက်ရင် မကြိုက်ချင်ဘူးလေ ဦးsun ကရော မကြိုက်သလိုခံစားရဘူးလား'

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Opowieści tętniące życiem. Odkryj je teraz