အပိုင်း ၃၀

596 28 0
                                    

Unicode

ယံ အန်တီမိုးပေးတဲ့ ကြိုးနီလေးနဲ့ အရုပ်လေးနှစ်ရုပ်ကိုကိုင်ရင်းထိုအရုပ်လေးတွေကိုကြည့်ကာ စကားပြောလေသည်။

"ကျေးဇူးပါနော် မင်းတို့ကြောင့်ယံ ဦးsunနဲ့ပြန်ဆုံခဲ့တာ မင်းတို့စီမှာ ထားခဲ့တဲ့ နှောင်ကြိုးလေးကြောင့် ယံတို့ပြန်ဆုံရတာလို့ယံယုံကြည်တယ် ဒါမဲ့ ယံအတိတ်ဘဝကို မေးပစ်လိုက်တော့မယ် ဝမ်းနည်းစရာကောင်းတဲ့ အဲ့အတိတ်ဘဝကို မေ့ပစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ဒီဘဝမှာ ယံနဲ့ ဦးsun နှစ်ယောက်အတူတူပျော်ပျော်ရွှင်ရွှင်နေသွားကြတော့မှာ အဲ့ကြောင့် အတိတ်ဘဝနဲ့ဆိုင်တဲ့ မင်းတို့ကိုလဲ ယံမေ့ပစ်လိုက်သင့်ပြီ ဒါမဲ့ ဘာပဲဖြစ်ဖြစ်မင်းတို့ကို ကျေးဇူးတင်တယ်နော်"

ထိုသို့ပြောပြီးနောက် ယံ ထိုအရုပ်လေးတွေကို သံဗူးထဲ ထည့်ကာ ပိတ်လိုက်ပြီး ယံ့အခန်းထဲရှိ ဗီဒိုအောက်ဆုံးထပ်တွင် ထည့်ထားလိုက်လေတော့သည်။ယံထိုအရုပ်လေးတွေကို ထပ်ပြီးထုတ်ကြည့်မိတော့မည်မဟုတ်ပါ။ထိုအချိန်တွင် ယံ့အခန်းတံခါးကိုတစ်ယောက်ယောက်က ခေါက်လာလေတော့သည်။

ဒေါက် ဒေါက် ဒေါက်

"ဝင်လာခဲ့ပါ"

ယံထိုသို့ပြောလိုက်တော့ ယံ့အခန်းထဲကို ကိုကြီးက ဝင်လာခဲ့လေသည်။ထို့နောက်ယံ့ကုတင်ပေါ်တွင်ထိုင်ကာ ယံကိုပြောလာလေသည်။

"ယံလေး ကိုကြီးပြောစရာရှိလို့"

"ဟုတ်"

ထို့နောက် ယံ ကိုကြီးဘေးလွှတ်နေသော ကုတင်ပေါ်တွင်ဝင်ထိုင်လိုက်လေသည်။ထို့နောက်ကိုကြီးကိုကြည့်ကာ ထပ်ပြောလိုက်လေသည်။

"ကိုကြီး ဘာပြောမလို့လဲဟင်"

"ကိုကြီးနောက်အပတ်ကျရင် နွေးနဲ့ လက်ထပ်မယ်လို့တွေးထားတယ် ကိုကြီးအရင်အပတ်ကသူ့ကိုလက်ထပ်ခွင့်တောင်းထားတာ"

ယံနည်းနည်းတော့အံ့သြသွားပင်မဲ့ ကိုကြီးအတွက် ဝမ်းသာပေးလိုက်သည်။

"ဝမ်းသာပါတယ် ကိုကြီး"

ယံက ထိုသို့ပြောလိုက်သော်လည်း ကိုကြီးက ပျော်သွားတဲ့ပုံမပေါက်ပေ။ထို့ကြောင့် ယံက ကိုကြီးကို မေးလိုက်လေသည်။

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Donde viven las historias. Descúbrelo ahora