Unicode
၁၉၈၁ခုနှစ်
မိုးရတနာ စံအိမ်တော်ကြီးသည် မန္တလေးမြို့တွင် နာမည်ကြီးလှသော စံအိမ်တော်ကြီး ဖြစ်သည်။ထို စံအိမ်တော်ကြီး၏ သခင်မကြီးဖြစ်သူ သူဌေးမကြီးဒေါ်မိုးမိသည်လည်း မန္တလေးမြို့တွင် မသိတဲ့သူမရှိ။ဒေါ်မိုးမိ၏ယောကျာ်းသည် ကင်ဆာရောဂါဖြင့်ဆုံးပါးသွား တာ နှစ်နှစ်လောက်ရှိပြီဖြစ်သည်။ထို့ကြောင့် ယောကျ်ား၏လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေပြီး ဒေါ်မိုးမိ ဦးဆောင်လုပ်ကိုင်တဲ့ အချိန်ကြမှာ စီးပွားရေးသည် အရင်ကထပ် ပိုကောင်းလာသည့်အထိကို ဒေါ်မိုးမိသည် အလွန့်ကိုထက်မြတ်တဲ့မိန်းမလည်း ဖြစ်သည်။ဒေါ်မိုးမိသည် ထက်မြတ်သလောက်မာနလည်း ကြီးလှသည်။မန္တလေးမြို့ပေါ်တွင် ဒေါ်မိုးမိပိုင်ဆိုင်သည့်လုပ်ငန်းများသည်ရွှေဆိုင် အထည်ဆိုင် စားသောက်ဆိုင် အပြင် တည်းခိုခန်းများစွာလည်းရှိသည်။ ထိုလုပ်ငန်းတွေအပြင် သူသည် ငွေတိုးချေးစားသည့် အလုပ်ကိုလည်း လုပ်သောကြောင့် နောက်လိုက်များစွာရှိသော ဒေါ်မိုးမိကို တော်ရုံတန်ရုံဘယ်သူမှာ အမှားမလုပ်ရဲလောက်အောင်ကြောက်ရသည့် အရှိန်အဝါလည်းရှိသည်။ဒေါ်မိုးမိတွင် အမြွှာ သားသမီးနှစ်ယောက်ရှိသည်။ဒေါ်မိုးမိ၏အမွှာ နှစ်ယောက်ကို လူကုံထည် အသိုင်းအဝိုင်းမှ လူငယ်များသည်လည်းမသိတဲ့သူမရှိ။အပေါင်းအသင်း လုပ်ချင်သူများ များလှသည်။ဒါပင်မဲ့ ဒေါ်မိုးမိသည် သားသမီးတွေကို ချစ်သလောက် စည်းကမ်းတင်းကျပ်သူလည်း ဖြစ်သည်။ထို့ကြောင့် အမွှာ နှစ်ယောက်မှာ တစ်နေ့တစ်နေ့ ခြံထဲကနေ ခြံအပြင်မထွက်ရတဲ့ လှောင်အိမ်ထဲကငှက်လေးနှစ်ကောင်လိုဖြစ်နေသည်။
'နွေရိပ် နင် အလှည့် ပြီးသွားပြီလေဟာ နင်သေသွားပြီကို '
'မိုးနှောင်း နင် ငါ အင်္ကျီစလေးပဲ ထိတာလေ အသားမှမထိတာကို ငါမသေ သေးဘူး'
'နင်ငါ့ကို နင်ကအငယ်ဆိုပြီးအနိုင်မကျင့်နဲ့နော်'
'ဘယ်မှာကျင့်လို့လဲ'
ထိုသူတွေကတော့မိုးရတနာစံအိမ်ရဲ့ ခြံဝန်းထဲတွင် စိန်ပြေးလိုက်တန်းကစားနေသော ဒေါ်မိုးမိ၏အမွှာ နှစ်ယောက်ဖြစ်တဲ့ မိုးနှောင်းနဲ့မိုးရိပ်ဖြစ်သည်။မိုးနှောင်းသည် မိုးရိပ်ထပ် ငါးမိနစ်စောမွေးသော အကိုကြီးဖြစ်သည်။အခုအမွှာနှစ်ယောက်ရဲ့ အသက်မှာ ၁၇နှစ်ရှိပြီဖြစ်သောလည်းအပေါင်းအသင်းမရှိသော သူတို့နှစ်ယောက်သည် သူများတွေလို့ ချစ်ရေးကြိုက်ရေးစိတ်ဝင်စားဖို့မပြောနဲ့ ကလေးစိတ်တောင်မကုန်ကြသေးပေ။
KAMU SEDANG MEMBACA
အချစ်ရဲ့နှောင်ကြိုးကလေး (Completed)
Romansaသူရိန်ခန့်ညား or Sun အတိတ်ဘဝကိုမကြည့်ပါနဲ့ အခုကိုယ်တို့ပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်စေရမယ်လို့အာမခံတယ် ကိုယ့်ကိုယုံကြည်ပေးပါနော် ယံငယ် တိမ်စိုင်ယံ ကိုကိုကြီး နဲ့ ဦးsun ကအတူတူဆိုပင်မဲ့ယံ့ကို ပိုပျော်ရွှင်စေတဲ့ ဦးsun ကိုပိုချစ်တယ်