အပိုင်း ၃၁ (The end)

1.4K 35 0
                                    

Unicode

"ရာရာ ငါနင်နဲ့တူတူထိုင်ချင်တယ်"

ထိုအခါ အနောက်က ပါလာသော sunက ထိုစကားကို ကြားသောအခါ ယံ့ကိုကြည့်ကာပြောလာလေသည်။

"ယံငယ်လေး ကိုယ်နဲ့အတူထိုင်မယ်လေ ဘာဖြစ်လို့လဲ"

"ရာရာ ငါနင်နဲ့အတူထိုင်မယ် ကျော်စွာ မင်းနဲ့ငါနေရာလဲမယ် ဒါပဲ"

ဟုဆိုကာ သူ့နေရာတွင်ထိုင်ရန်ပြင်နေသော ကျော်စွာ့ကိုတွန်းထုတ်၍ ကျော်စွာ့နေရာတွင်ဝင်ထိုင်လိုက်လေသည်။ကျော်စွာလဲ မတက်နိုင်ပဲ မျက်လုံးလေးကလည်ကလည်နဲ့ ယံယံ့နေရာမှာသာဝင်ထိုင်လိုက်ရတော့သည်။sunကတော့ယံ့ကို ကြည့်ပြီး သူ့နေရာတွင်ဝင်မထိုင်နိုင်သေးပဲမနေနိုင်တော့စွာမေးလိုက်လေသည်။

"ယံငယ်လေး ကိုယ့်ကိုစိတ်ဆိုးနေတာလား"

ယံကဦးsunကိုပြန်မကြည့်ပဲ ပြောလိုက်လေသည်။

"မဆိုးပါဘူး"

"အာ့ဆိုဘာဖြစ်လို့လဲ မနက်အိမ်ကနေထွက်တော့လဲ စကားမပြော ကားပေါ်ရောက်တော့လဲစကားမပြော အခုလေယာဥ်ပေါ်ရောက်တော့လဲ ကိုယ်နဲ့အတူမထိုင်ချင်ပြန်ဘူး ယံငယ်လေးကိုယ့်ကိုစိတ်ကောက်နေတာလား"

"ယံက ကလေးမှမဟုတ်တာ စိတ်ကောက်စရာမရှိဘူး"

"အာ့ဆို ဘာဖြစ်လို့လဲ ကိုယ့်ကိုဘာမကျေနပ်တာရှိလို့လဲ ကလေးပြောပြမှကိုယ်သိမှာပေါ့"

"ခင်များ ကိုယ့်နေရာမှာ ကိုယ်ထိုင်လိုက်ပါလား ခင်များနောက်မှာ လူလာနေပြီ"

sunလဲမတက်နိုင်တဲ့အဆုံး ကိုယ့်နေရာမှာသာ ကိုယ်ဝင်ထိုင်လိုက်ရတော့သည်။ထိုစကားပြောပြီးတဲ့အချိန်မှစ လေယာဥ်ဆိုက်ပြီး ဟိုတယ် ရောက်တဲ့အထိကိုစကားမပြောသေးပါ။ဟိုတယ်တွင်တည်းရာတွင်ရာရာနဲ့စည်က တစ်ခန်း ကျော်စွာနဲ့ကိုသက်နောင်ကတစ်ခန်းစီ ကိုကြီးနဲ့မနွေးတို့ကတစ်ခန်းယူကြသည်။ယံကသရဲကြောက်တတ်တာ​ကိုသိသောဦးsun က ယံ့ကို သူနဲ့အတူနေခိုင်းလောက်သည်။။ထို့ကြောင့် ယံက ကျော်စွာ့အနားကပ်သွား၍ အတူတစ်ခန်းထဲနေရန်ပြောဖို့ပြင်နေစဥ် ဦးsunက ယံ့ကိုသူတို့တည်းရန်ပြင်ထားတဲ့အခန်းသို့ ဆွဲခေါ်သွားလေတော့သည်။အခန်းထဲရောက်တော့ ယံ ဦးsunကိုကြည့်ကာ အော်လိုက်လေသည်။

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Tempat cerita menjadi hidup. Temukan sekarang