အပိုင်း ၇

773 41 0
                                    

Unicode

sun ဉီးလေး အခန်းထဲသို့ဝင်သွားလိုက်သည်။sun ဝင်သွားတော့ ဉီးလေးကထိုင်ခုံပေါ်မှာထိုင်ကာ စာအုပ်ဖက်နေလေသည်။sun ဉီးလေးရှေ့ကထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ထို့နောက်

'ဉီးလေး သက်သာလားဟင်'

'အင် သက်သာပါတယ်'

'ဆေးကောသောက်ပြီးပြီလား'

'အင် ခုနကမှ လာတိုက်ပြီးသွားပြီ ငါ့ကိုမစိုးရိမ်မနေနဲ့ ဒီတိုင်းအသက်ကြီးလာတော့လူကြီးရောဂါဖြစ်တာပါကွာ မသေပါဘူး'

'ကျွန်တော့်မှာဉီးလေးတစ်ယောက်ပဲရှိတော့တာ'

'ငါသိပါတယ်ကွာ ငါကိုယ့်ကိုဂရုစိုက်မယ်ဟုတ်ပီလား အခုလည်းသက်သာနေတာပဲဟာ
မင်းကော အလုပ်မှာအဆင်ပြေရဲ့လား'

'ပြေပါတယ် ဉီးလေး ဉီးလေးကိုမေးစရာရှိလို့ ဉီးလေးမြန်မာပြည်ပြန်ချင်လား'

'ဟင် ရုတ်တရပ်ကြီး ဘာလို့မေးတာလဲ'

'ကျွန်တော် ဒီနှစ်ကုန်လောက်မြန်မာပြည်မှာပဲပြန်အခြေချမလားလို့လေ'

'ဘာလို့လဲ ချက်ချင်းကြီးပါလား ဒီမှာအဆင်မပြေလို့လား'

'မဟုတ်ပါဘူး ဉီးလေးသိတဲ့အတိုင်း ကျွန်တော်မြန်မာပြည်မှာပဲပြန်အခြေချချင်တာ အခုလုပ်နေတဲ့လုပ်ငန်းကလည်း အတည်တကျဖြစ်နေပါပြီ မြန်မာပြည်မှာရုံးထိုင်လဲဘာမှမဖြစ်ပါဘူး စီစဉ်စရာတွေကတော့ရှိသေးတာပေါ့ ဉီးလေးကိုလည်းမြန်မာပြည်ပြန်ပို့ပေးချင်လို့ဉီးလေးလဲမြန်မာပြည်ကိုလွမ်းနေတယ်မို့လား ပိုက်ဆံအတွက်စိတ်မပူပါနဲ့တော့ အေးအေးဆေးဆေးနေလို့ရပါပြီ'

'အဲ့လိုကျကောင်းပါတယ် ဒါမဲ့ ငါ့အထင်မင်းကိုဒီလိုဖြစ်စေတာက ငါ့ကြောင့်နဲ့တော့မဟုတ်ဘူးမို့လား'

sun က ဉီးလေးကို သေသေချာချာကြည့်ကာ ပြုံးပြပြီး

'တစ်ယောက်ယောက်ကကျွန်တော့်ကိုမျှော်နေတယ်လေ'

ဟုပြောလိုက်သည်။

ဒီလိုနဲ့ရက်တွေ လတွေကတစ်ဖြည်းဖြည်းကုန်လာလေသည်။ယံတစ်ယောက်စာမေးပွဲ​ဖြေဖို့ကလည်း သုံးလလောက်သာလိုတော့သည်။ဒီနေ့တော့ရုံးပိတ်ရက်မို့ ဆရာတွေကယံ့ကိုနားရက်ပေးလေသည်။ဒါကြောင့်ရာရာတို့နဲ့ရုပ်ရှင်သွားကြည့်ဖို့ချိန်းထားသည်။အမှန်ပြောရရင်အခုတလောစာသင်ရတာနဲ့အရမ်းကိုပင်ပန်းနေသည်။ဘာလို့စာတွေကအဲ့လောက်များနေရတာလဲ။ဆယ်တန်းဆိုတာကြီးကလည်းဘာလို့ပေါ်လာမှန်းမသိ။ပြီးတော့အဲ့လောက်များတဲ့စာတွေကိုဂုဏ်တွေထွက်နိုင်အောင်ဖြေနိုင်တဲ့သူတွေကလဲရှိသေးသည်။တကယ်စဉ်းစားလို့မရဘူး။အဲ့စကားကိုသာဉီးsunရှေ့သွား ပြောကြည့်ပါလား ယံအပြောခံရမှာသေချာသည်။အပျင်းကြီးလို့ မကြိုးစားချင်လို့ နောက်ကျဘယ်လိုလုပ်မလဲတို့အဖေကို ဘယ်လိုလုပ်ကျွေးမလဲလို့ ပြောလို့​ပြီးမှာမဟုတ်ဘူး။အခုနောက်ပိုင်း ဉီးsunကယံ့ရဲ့အမေကြီးလိုတောင်ဖြစ်လာပြီ။ဒါမလုပ်နဲ့ ဒါကမကောင်းဘူးဟိုဟာက မကောင်းဘူးဆိုပြီး ပြောတတ်လာသည်။နောက်ပြီး ဉီးsun ကြည့်ရတာ အခုနောက်ပိုင်းတွေအလုပ်များလာသလိုပဲ စကားတောင်နေ့တိုင်းမပြောဖြစ်ဘူး။ဉီးsunဆိုမှ အခုတလော တစ်လမှာ တစ်ခါ နှစ်ခါလောက်ထူးဆန်းတဲ့အိမ်မက်တွေမက်မက်လာသည်။ယံမက်တဲ့သူက ဟို ကိုကိုကြီးဆိုတဲ့သူလေ။သူကြည့်ရတာ ဉီးsunနဲ့တောင် ဆင်သလိုလိုနဲ့။နောက်ပြီး အိမ်မက်ထဲမှာမိုးနှောင်းဆိုတဲ့တစ်ယောက်လည်းပါသေးသည်။ဒါမဲ့သူ့ကိုတော့ယံမမြင်ရဘူးရယ်။အသံပဲကြားရတာ။ဉီးsunကိုပြောပြတော့ ဉီးsunက အဲ့လိုပဲမက်တတ်တယ်တဲ့လေ စိတ်ထဲမထားနဲ့တဲ့လေ။ဉီးsunကအဲ့လိုပြောပင်မဲ့လေ ယံမေ့လို့မရဘူး။အဲ့ကိုကိုကြီးဆိုတဲ့သူကြည့်ရတာဝမ်းနည်းနေသလိုပဲလေ ယံအဲ့အိမ်မက်မက်တိုင်းငိုပြီးထလာတာကြီးပဲ။အဲ့တာမထူးဆန်းဘူးလား။
ထားလိုက်တော့ ယံနဲ့မှမဆိုင်တာ။ထို့နောက်ယံအပြင်သွားဖို့အတွက် ရေမိုးချိုးပြင်ဆင်ပြီးကာအောက်ထပ်သို့ဆင်းလာခဲ့သည်။အောက်ထပ်ရောက်တော့ ကိုကြီးကို မြင်လေသည်။ထူးထူးဆန်းဆန်းကိုကြီးကိုကြည့်ရတာ တစ်မျိုးဖြစ်နေသည်။တည်ငြိမ်တဲ့ကိုကြီးက ဒီနေ့ရှိုးစမိုးအပြည့်နဲ့ဖြစ်နေကာ အရမ်းကိုတက်ကြွနေသည်။ ကိုကြီးအနားသွားလိုက်တော့ ရေမွှေးနံတွေမှမွှန်ထူနေတာပဲ။

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ