အပိုင်း ၂၇

544 29 0
                                    

unicode

"ဒါ လုံးဝအဓိပ္ပာယ်မရှိဘူး ဖေဖေ ကျွန်တော်လက်မခံနိုင်ဘူး"

"မင်းငါ့အမိန့်ကို လွန်ဆန်မလို့လား နွေဉီး"

"မဖြစ်နိုင်ဘူး ဖေဖေ ကျွန်တော် မန္တလေးကို ပြန်သွားရမယ် ကျွန်တော် ပြန်သွားမြှဖစ်မယ်"

နွေဉီးတစ်ယောက် ထိုအဖြစ်အပျက်ကြောင့်ဖခင်ရဲ့ရန်ကုန်ကိုပြန်လာဖို့ရန် မပြန်လာရင် သူ့အကြောင်းသိမယ်ဆိုတဲ့တစ်ချက်လွှတ်အမိန့်ကြောင့်ရန်ကုန်ကိုရောက်နေခြင်းဖြစ်သည်။ဒီရောက်ရင် ဖခင်လက်ခံနိုင်အောင်ပြောမည်ဟု ပြင်ထားသော်လည်း ရောက်ရောက်ချင်း ဖခင်ရဲ့ သူနဲ့သရဖီလှိုင် လက်ထက်ရမည်ဟူသောစကားကြောင့် အခုလို သူနဲ့ ဖခင်နဲ့စကားများနေခြင်းဖြစ်သည်။

"မဖြစ်နိုင်ဘူး အဖေ ကျွန်တော်သူ့ကိုချစ်တယ်"

"မင်းငါ့စကားကို ဘယ်တုန်းကလွန်ဆန်ဖူးလို့လဲ အခုတော့မင်းကငါ့ကိုယောက်ျားတစ်ယောက်ကြောင့် အာခံနေတယ်ပေါ့လေ"

"အဖေကျွန်တော် တောင်းပန်ပါတ်ာဖေဖေရဲ့ ကျွန်တော်သူ့ကိုသိပ်ချစ်တယ်ဖေဖေ ကျွန်တော့်ကို ဒီတစ်ခါပဲ ကျွန်တော့်ဆန္ဒလေးကိုဖြည့်ဆည်းပေးလို့မရဘူးလားဟင် ကျွန်တော့်ဘဝတစ်ခုလုံး ဖေဖေစိတ်တိုင်းကျနေခဲ့တာပဲ"

"မရဘူး နွေဉီး သူက ယောက်ျားလေးလေ သူက ကလေးမမွေးနိုင်ဘူး မင်းအတွက်မျိုးဆက်လိုတယ် ငါလက်မခံနိုင်ဘူး"

နွေဉီးတစ်ယောက် ဖခင်ရဲ့အပြောကြောင့်မျက်ရည်တွေကျလာလေတော့သည်။သူမခံစားနိုင်ပါ။ဒီလိုမျိုး သူချစ်ရတဲ့ သူ့ရဲ့ အသက်အညှာလေးကို ဒီလိုမျိုး ပြောနေတာတော့ သူလက်မခံနိုင်ပါ။သူ့အတွက်မျိုးဆက်မလိုပါဘူး။သူ့အတွက် သူ့ရဲ့ မိုးနှောင်းလေးပဲလိုအပ်သည်။

"ဖေဖေ ကျွန်တော်မျိုးဆက်လဲမလိုပါဘူး အဖေ ကျွန်တော်တောင်းပန်ပါတယ်နော်"

ဟုဆိုကာ ဖခင်ရှေ့ဒူးထောက်ထိုင်ချလိုက်ပြီးမျက်ရည်တွေကျကာပြောလေတော့သည်။

"တောင်းပန်ပါတယ်ဖေဖေရယ် သူနဲ့ကျွန်တော့်ကိုလက်ခံပေးလို့မရဘူးလားဟင်"

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Where stories live. Discover now