အပိုင်း ၄

908 47 0
                                    

Unicode

'ကိုကိုကြီး'

လူတစ်ယောက်နောက်ကျောပေး၍ရပ်နေသည်။shirt အင်္ကျီပေါ်တိုက်ပုံထပ်၍ ပုဆိုးကိုခါးထက်ထိဝတ်ထားကာခါးပတ် ပတ်တာပြီး အောက်ကခြေအိတ်နဲ့ရှူးဖိနပ်စီးထားတဲ့ ၁၉၈၀ နောက်ပိုင်းဝတ်စားဆင်ယင်ပုံနဲ့အမျိုးသားတစ်ယောက်ဖြစ်သည်။ထိုအမျိုးသားကယံဘက်သို့လှည့်လာလေသည်။ထို့နောက်ယံကိုကြည့်လာသောသူ့ရဲ့မျက်ဝန်းများကဝမ်းနည်းရိပ်ထင်နေကာ မျက်ရည်ဥများနှင့်။ယံသူ့ရဲ့မျက်နှာပေါ်ကတစ်ခြားအစိတ်အပိုင်းများကိုသေချာမမြင်ရပင်မဲ့ထိုမျက်ဝန်းများကိုတော့သေသေချာချာမြင်ရသည်။သူကဘာလို့ယံ့ကိုကြည့်ပြီးဝမ်းနည်းနေရတာလဲ။

'ကိုကိုကြီး'

ဟင်ယံကထိုလူ့ကို ကိုကိုကြီးလို့ခေါ်လိုက်တာလား။ယံမှမသိတဲ့သူကိုဘာလို့ယံပါးစပ်ကကိုကိုကြီးလို့ခေါ်ရမှာလဲ။ယံခေါ်လိုက်တော့ထိုလူကဝမ်းနည်းမျက်ဝန်းများနဲ့ယံ့ကိုပြုံးပြလာသည်။ဟင် ဘာလို့အဲ့လိုပြုံးပြလာတာလဲ အဲ့လိုမပြုံးပါနဲ့ယံမခံစားနိုင်လို့ပါ။ထိုသို့ပြုံးနေရင်းရဲ့ထိုသူရဲ့မျက်လုံးများမှမျက်ရည်များကျဆင်းလာသည်ကိုယံမြင်ရသည်။ဟအင်း ဘာလို့ငိုနေတာလဲအဲ့လိုမငိုပါနဲ့ ယံမခံစားနိုင်လို့ပါ ယံတောင်းပန်ပါတယ်။ထို့နောက်ထိုလူကဟိုဘက်ပြန်လှည့်သွားကာ ယံနဲ့ဝေးရာသို့တစ်လှမ်းချင်းတစ်လှမ်းချင်းလှမ်းသွားလေသည်။ ဟအင်း မသွားပါနဲ့ ယံ့ကိုမထားခဲ့ပါနဲ့ ယံတစ်ယောက်တည်းကို မထားခဲ့ပါနဲ့။ယံထို့လူကြီးနောက်ကိုပြေးလိုက်မိသည်။ယံကပြေးလိုက်ပင်မဲ့ထိုလူကတော့ယံနဲ့ဝေးသတက်ဝေးသွားလေသည်။ယံမျက်ရည်များကျကာပြေးလိုက်ရင်း အော်ခေါ်မိသည်။

'ကိုကိုကြီး မသွားပါနဲ့ ကိုကိုကြီး ပြန်လာခဲ့ပါ မိုးနှောင်းကိုမထားခဲ့ပါနဲ့ မထားခဲ့ပါနဲ့နော် ကိုကိုကြီး မိုးနှောင်းတောင်းပန်ပါတယ် ကိုကိုကြီး'

ယံကအော်ခေါ်နေပင်မဲ့ ထိုလူကြီးကလှည့်မကြည့်လာပဲပိုဝေးသွားတာဖြည်းဖြည်းချင်းပျောက်ကွယ်သွားလေသည်။

'ကိုကိုကြီး!!!!'

ယံတစ်ယောက်နာမည်တစ်ခုတကာ ငိုရင်းနိုးလာလေသည်။ယံတစ်ကိုယ်လုံးလဲချွေးစေးတွေနဲ့မျက်နှာပေါ်မှာလဲ မျက်ရည်တွေနဲ့ ယံတစ်ယောက်မောဟိုက်စွာထထိုင်လိုက်သည်။ဟင် ငါအိမ်မက်မက်နေတာပါလား အိမ်မက်ကြီးကလည်းဝမ်းနည်းစရာကြီး တစ်ခါမှ ဒီလိုမမက်ဖူးပါဘူး။နာရီကိုကြည့်လိုက်တော့မနက်၁၀နာရီခွဲနေပြီ။ထိုအချိန်တွင်ကိုကြီးကယံရဲ့အိပ်ခန်းတံခါးကိုခေါက်လာလေသည်။

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Where stories live. Discover now