အပိုင်း ၁၂

703 47 0
                                    

Unicode

'ဦးsun ကားကိုဖြည်းဖြည်းမောင်းပါ'

'ကိုယ်ဖြည်းဖြည်းမောင်းနေပါတယ်ယံငယ်ရဲ့'

'အခုထပ်ဖြည်းပါအုံး'

'ကိုယ်ဖြည်း....'

ကျွီ........ဒုန်း!!!!!!!!

'ဦးsun!!!!'

ယံတစ်ယောက်မောဟိုက်စွာနဲ့ အိပ်ရာမှနိုးထလာခဲ့သည်။အခုရက်တွေအတွင်း  ဒီလိုအိမ်မက်တွေပဲမက်နေတာ။ယံတစ်ယောက်လန့်တောင်လန့်နေမိသည်။ဦးsun ယံ့ကိုထားပြီးထွက်သွားမှာကို ယံစိုးထိတ်လှပါသည်။ထို့ကြောင့် အခုရက်တွေအတွင်း ဦးsun နဲ့တောင်အပြင်မထွက်။ဦးsun အပြင်ထွက်ရင်တောင် ကားကို ဦးsunကိုယ်တိုင်မမောင်းခိုင်းပဲ ကိုသက်နောင်ကိုသာ မောင်းပို့စေသည်။ဦးsun ကလည်း ယံစကားတစ်ခွန်းဆိုတစ်ခွန်းပါပဲ သိပ်ကိုချစ်ဖို့ကောင်းတဲ့ ဦးsunပါလေ။ဒီနေ့ဦးsun ကယံ့ဆီလာမယ်လို့ပြောထားတယ်။နာရီကိုကြည့်လိုက်တော့ ၈နာရီ။ယံ့အတွက်အိပ်ယာထတာစောသေးပင်မဲ့ ထပ်အိပ်ဖို့ကအိပ်ချင်စိတ်မရှိတော့။ဦးsun လည်းလာမှာဆိုတော့ စောစောထတာပဲကောင်းပါတယ်။ထို့နောက် ယံအိပ်ယာကထပြီး ရေမိုးချိုးကာအောက်ထပ်သို့ဆင်းရန် လှေကားနားရောက်တော့ လှေကားခြေရင်းနားက လူနှစ်ယောက်ကိုတွေ့ကာ ဒေါသတွေ ထွက်လာလေသည်။ယံလည်း လှေကားပေါ်ကပြုတ်ကျမှာကို ဂရုမစိုက်ပဲ  ထိုလူနှစ်ယောက်ဆီနား ရောက်ရန်ဒုန်းစိုင်းဆင်းပြေးလာခဲ့သည်။ထိုနေရာသို့ရောက်တော့ မိန်းကလေးဖြစ်တဲ့ တစ်ယောက်ကိုတွန်းက ထိုနှစ်ယောက်နားကြားဝင်ပြီး ရပ်လိုက်ကာ

'ဦးsun နားဘာလို့ကပ်တာလဲ'

ဟု ထိုမိန်းမကိုအော်ပြောလိုက်သည်။ယံတွန်းလိုက်တာအရှိန်ပါသွားလို့ထင်သည် ထိုမိန်းကလေးကလဲကျသွားလေသည်။ထိုအခါထိုမိန်းကလေးကို ဦးsun ကသွားထူပေးလေသည်။

'ညီမနွေးအဆင်ပြေရဲ့လား'

'အာရပါတယ် အကိုသူရိန်'

ထိုသို့ကလူနေသောပုံကိုတွေ့သောယံကထိုမိန်းမကိုထပ်တွန်းကာ ဦးsun ကိုပါဒေါသတကြီးတွန်းပြီး

'ခင်များ ဘာလို့အဲ့မိန်းမကိုကူတာလဲ'

ဟု ဦးsunကိုကြည့်ကာဒေါသတကြီးအော်ပြောလိုက်သည်။နွေးဆိုတဲ့မိန်းမကတော့ တစ်ခါပြန်လဲကျသွားသည်။

အချစ်ရဲ့နှောင်ကြိုးကလေး (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ