Kim of Jeon - Part 7

7.9K 815 62
                                    

💜 Unicode

ခုနစ်လခန့်ကြာသော် ....

ပူနွေးသော နွေရာသီမှ အပူလျော့နည်းလာသော ဆောင်းဦးသို့ ကူးပြောင်းလာခဲ့ပြီ ။

လောကကြီးကတော့ ထုံးစံအတိုင်း နေ့နှင့်ည လည်ပတ်နေစဲပင် ။

နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပြီးလျှင် ညအိပ်ရာဝင်ကြ ၊ မနက်ရောက်လျှင် နိုးထပြီး လုပ်နေကြ အလုပ်တွေပဲ ထပ်ခါအစကနေ ပြန်လုပ်ဆောင်လိုက်နှင့် ။

တခါတခါစဉ်းစားကြည့်မိရင် ဘဝကြီးက အဓိပ္ပာယ်မဲ့နေသလို ။

ထယ်ယောင်းတို့ကုမ္ပဏီကလဲ စီးပွားရေးလောကမှာ မျက်နှာသစ်အနေနဲ့ စတင်နေရာယူနေပြီး ဂျောင်ကုတို့ကုမ္ပဏီကတော့ ထိပ်ဆုံးမှာ ရပ်တည်နေစမြဲပင် ။

ထယ်ယောင်းသည်လဲ ထုံးစံအတိုင်း အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်ဖြစ်နေပြီး ဂျောင်ကုကတော့ တနေ့တနေ့ ထယ်ယောင်းကို ပိုသာသော အချစ်တွေနဲ့ ဂရုစိုက်ချစ်ပေးလျက်ရှိသည် ။

" မင်္ဂလာပွဲအတွက် သားတို့ စီစဉ်တာ အဆင်ပြေကြရဲ့လား ၊ ဖေဖေ ဘာကူညီပေးစရာရှိလဲ "

အချိန်အားဖြင့် မနက် ရှစ်နာရီ ။ မနက်ခင်း ထမင်းစားပွဲမှာ မိသားစုသုံးယောက် မနက်စာစားနေကြရင်းမှ ဖေဖေ့ဆီက အမေးစကားထွက်လာသည် ။

ထယ်ယောင်းသည် စားနေသည့် ပေါင်မုန့်ကို ပန်းကန်ပေါ် ခဏချထားလိုက်ကာ ....

" ဂျောင်ကုက အားလုံးအဆင်ပြေအောင်လုပ်နေပါတယ် ဖေဖေ ၊ ခက်ခဲတာမရှိပါဘူးတဲ့ "

" သားလဲ နည်းနည်းပါးပါးဝိုင်းကူပေးလိုက်ဦးလေ ၊ ကုမ္ပဏီအလုပ်များနေတာကတော့ များနေတာပေါ့ ၊ ကိုယ့်မင်္ဂလာဆောင်အတွက်လဲ အချိန်ပေးသင့်တယ်လေ "

မေမေကလဲ ဝင်ပြောတော့ ထယ်ယောင်းခေါင်းငြိမ့်ပြလိုက်သည် ။

နောက်လထဲရောက်လာမယ့် ဂျောင်ကုနဲ့ထယ်ယောင်းရဲ့ မင်္ဂလာဆောင်အတွက် လိုအပ်တာအကုန် ဂျောင်ကုကသာ ပြင်ဆင်နေတာ ။

ထယ်ယောင်းကတော့ ဝိုင်းမလုပ်ပေးချင်တာမဟုတ် ။ ဝိုင်းမလုပ်အားတာဖြစ်သည် ။

Kim of Jeon ( Completed )Where stories live. Discover now