Kim of Jeon - Part 18

9.1K 812 92
                                    

💜 Unicode

နောက်နေ့မှပဲ အချိန်ပိုဆင်းတော့မည်ဟု တွေးလိုက်ကာ ဒီနေ့တော့ ပုံမှန်ရုံးဆင်းချိန်အတိုင်း အိမ်ပြန်လာခဲ့သည် ။

ဒီနေ့ မောင် အိမ်ပြန်လာတော့မှာ ။

လပ်တော့ပ်အဖုံးကိုပိတ်လိုက်ပြီး ချွတ်ထားသော အပေါ်ကုတ်ကို ဝတ်နေတုန်း ရုံးခန်းထဲဝင်လာသော မွန်ဂယူ ။

" ပြန်တော့မလို့လား "

" အင်း ဒီနေ့တော့ အချိန်ပိုမဆင်းတော့ဘူး ၊ မောင် ပြန်လာမှာမလို့ "

" ငါက မင်းကို ညဈေးတန်းခေါ်သွားမလို့ကို ၊ အဲ့မှာ မင်းကြိုက်တဲ့ သရေစာမုန့်တွေအများကြီးရှိတယ်လေ "

" မလိုက်တော့ဘူး မွန်ဂယူ ၊ အိမ်ပြန်ရမှာ ၊ အားနာပါတယ် "

အိမ်ပြန်မယ်ချည်းပဲပြောနေတော့ မွန်ဂယူက ကဲလိုက်တာဆိုတဲ့ အကြည့်နဲ့ကြည့်သည် ။

ထယ်ယောင်းလဲ ရှက်ပြုံးလေးသာပြုံးပြလိုက်ရတော့သည် ။ မောင့်ကို တွေ့ချင်နေပြီလေ ။

" မင်းမလိုက်တော့လဲ ငါ လူကြီးကိုပဲ ခေါ်သွားတော့မယ် ၊ လူကြီးဆို မင်းလိုငြင်းမှာမဟုတ်ဘူး "

ကားသော့ကို ကောက်ကိုင်လိုက်ကာ တံခါးဝမှာရပ်နေတဲ့ မွန်ဂယူဆီလျှောက်သွားလိုက်ပြီး ..

" ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာလဲ ကြည့်ချဉ် ၊ ငါက တမင်မလိုက်တာလား ၊ အရေးကြီးရှိနေလို့ မလိုက်တာလေ ၊ တကယ်ပဲ အမြင်ကတ်စရာ "

" မင်းရော ဘာထူးလဲ ၊ မင်းပြောတော့ ဂျောင်ကဂုဟျောင်းက ညလောက်ကြမှ ပြန်ရောက်မှာဆို ၊ အခုပြန်ရောက်သေးတာမှမဟုတ်တာ ၊ ခဏလေး ငါနဲ့လိုက်ခဲ့လို့ ဘာဖြစ်မှာကြ "

" အေးပါ အေးပါ မင်းလူကြီးပဲ ကောင်းတယ် ၊ ငါက မကောင်းဘူး ၊ အဲ့တာကြောင့်မို့ ငါပြန်ပြီ "

ရန်တွေ့ပစ်လိုက်ကာ အပေါက်ပိတ်နေတဲ့မွန်ဂယူကို ဘေးဖယ်လိုက်ပြီး ထွက်လာခဲ့တော့သည် ။

ညကြလောက်မှ ပြန်ရောက်မယ်လို့ မောင်ကပြောထားပေမယ့် မောင်ပြန်လာမယ့်အချိန်ကို အိမ်တံခါးပေါက်ဝမှာ မျှော်နေရမယ့် ခံစားချက်မျိုးလေးကို ခံစားဖူးချင်သောကြောင့် ။

Kim of Jeon ( Completed )Where stories live. Discover now