💜 Unicode
" သားဂျွန် မင်းကောင်လေးရော အိပ်ရာနိုးပြီလား "
မေမေကမ်းပေးသော နွားနိုးတခွက်ကို မော့သောက်ပြီး တစ်ရှူးဖြင့် နှုတ်ခမ်းထောင့်နားကို ဖိသုတ်လိုက်သည် ။
" အိပ်နေတုန်းပါ မေမေ "
" ဟယ် အခုထိအိပ်နေတုန်းလား ၊ အလုပ်သွားချိန်နီးနေပြီလေ ၊ နောက်ကျနေဦးမယ် "
ဟုတ်ပါသည် ။ အလုပ်သွားချိန်ကို နီးကပ်နေလွန်းနေပြီမို့ ဂျောင်ဂုတောင် အလုပ်သွားဖို့ရန် အားလုံးပြင်ဆင်ပြီးနေလေပြီ ။
" ညက အိပ်ရာဝင်နောက်ကျလို့လား ၊ ကြည့်ရတာ ကုမ္ပဏီမှာ အလုပ်တွေအရမ်းလုပ်ရလို့ ပင်ပန်းနေတာဖြစ်မယ် "
မေမေပြောတာကို နားထောင်နေလိုက်ပြီးနောက် အပေါ်ထပ်တက်လာခဲ့သည် ။
ညဉ့်နက်မှအိပ်ဖြစ်ခဲ့ကြသည့်အပြင် ပင်ပန်းသွားခဲ့တဲ့ ထယ်ဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မို့ ဂျောင်ဂုမနှိုးရက်ခဲ့ပါ ။
အိပ်ပါစေဆိုကာ မနှိုးတော့ပဲ အခန်းထဲကထွက်လာရန်ပြုတော့ အနောက်ဘက်ဆီမှာ အင်းအဲအသံပြုသံကြောင့် လှည့်ကြည့်လိုက်သည် ။
မျက်လုံးလေးများအားပွတ်ကာ အကျောဆန့်ချင်နေတဲ့ ထယ်ဟာ မျက်နှာလေးရှုံ့မဲ့သွားပြီး ခါးကိုအသာဖိကိုင်လိုက်လေသည် ။
ကျွန်တော်ပြုံးလိုက်ရင်း ထယ့်အနားလျှောက်သွားလိုက်ကာ ကုတင်ဘေးမှာ ဒူးထောက်ထိုင်ချလိုက်ပြီး ...
" တော်တော်နာနေလို့လား "
အိပ်ချင်မူးတူးလေးဖြင့်လှည့်ကြည့်လာသောမျက်နှာလေးဟာ ရှုံ့မဲ့မဲ့လေးဖြင့် ။
" နည်းနည်းပါ ၊ မောင် ဘယ်နနာရီရှိပြီလဲ "
" ရှစ်နာရီခွဲနည်းနည်းကျော်နေပြီ "
ထယ်က မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားကာ ရုတ်တရတ်ထထိုင်လိုက်တော့ အခနဲ အသံထွက်ရင်း မသက်မသာဖြစ်နေပုံလေးကြောင့် ဂျောင်ဂုမှာ အားနာစိတ်ဝင်ရသည် ။
" ဖြည်းဖြည်းသက်သာထလေကွာ "
" ကိုးနာရီထိုးတော့မယ်ဆိုတဲ့ သဘောပေါ့နော် ၊ အလုပ်နောက်ကျတော့မှာပဲ "
YOU ARE READING
Kim of Jeon ( Completed )
FanficKim of Jeon { Both Unicode & Zawgyi } Jeon Jungkook × Kim Taehyung Married-Life