Kim of Jeon - Part 11

8.5K 785 96
                                    

💜 Unicode

" မမ ငါပြန်လာပြီ "

ဖိနပ်ကို ဘုတ်ခနဲ ဘတ်ခနဲ ချွတ်ကာ အိမ်ထဲဝင်လာပြီး ဆိုဖာပေါ် တကိုယ်လုံးပစ်ချထိုင်လိုက်တော့သည် ။

" ဒယ်ဒီနဲ့မာမီရော ၊ အိမ်က တိတ်ဆိတ်နေပါလား ၊ နင်တစ်ယောက်တည်းလား မမ "

အရှေ့တည့်တည့်မှ ဖုန်းကြည့်နေသော မမကို မေးလိုက်တော့ ဖုန်းကြည့်နေရာကနေ ကျွန်တော့်ကို မော့ကြည့်လာသည် ။

" ဒိတ်သွားလုပ်ကြတယ် "

" အိုးးးးဟိုးးးး "

အငယ်ကောင်က အကျယ်ကြီးထအော်တော့ နာနာ လန့်သွားရသည် ။

" ဟဲ့ ဘာထအော်တာလဲဟာ ၊ တကယ်ပါပဲ "

" နင့်ကိုမခေါ်သွားပဲ ၊ နှစ်ယောက်တည်းသွားကြတယ်ပေါ့ "

" ဒိတ်သွားလုပ်ပါတယ်ဆိုမှ ငါက ကိုရို့ကားယား ကြားထဲမှာ ဝင်ရှုပ်နေရမှာလားဟ "

" အဟိ ခစ်ခစ် နှစ်ယောက်တည်း ဘာညာဘာညာ တွဲခုတ်နေတယ် "

အသဲယားနေပါတယ်ဆိုတဲ့ပုံစံမျိုး မျက်နှာအနေအထားအမျိုးမျိုးလုပ်ပြနေသော သူမမောင် ။

သူ့ကိုသာ ထိုင်ကြည့်နေရင် ခေါင်းမူးရုံသာရှိတော့သည် ။

" ကင်မ်ထယ်ယောင်းနဲ့ တွေ့ခဲ့လား "

" ဟော သူနဲ့သွားတွေ့တာဆိုမှ တွေ့ခဲ့တာပေါ့ မမကလဲ ၊ ချစ်စရာလေး ထယ်ထယ်က ၊ ငါတောင် အူယားလို့ စကားတွေတောင် အကောင်းမပြောခဲ့မိဘူး စနောက်လာတာ ဟားဟား "

" ငါတော့အမြင်ကတ်တယ် "

" နင်ကတော့ ပုဂ္ဂိုလ်စွဲနဲ့မလို့လေ ၊ မဟုတ်ရင် နင်လဲ သဘောကျမှာ "

" လုံးဝပဲ "

" မမ နင် စိတ်ကောင်းလေးဘာလေးထား ၊ အဲ့တာမှ နင့်မျက်နှာချောမှာ ၊ ငါအကောင်းနဲ့အကြံပေးတာနော် "

" ဘာပြောတယ် ဆောမွန်ဂယူ ! "

ကိုင်ထားတဲ့ဖုန်းကိုချပြီး ကျွန်တော့်ကို စေ့စေ့ကြည့်လာတဲ့မမ ။

ဒေါသထွက်လာပုံရတာမို့ မွန်ဂယူ နောက်ဆုံးစကားလေးပြောပြီးရင် သုတ်ခြေတင်ပြေးဖို့ စဉ်းစားထားသည် ။

Kim of Jeon ( Completed )Where stories live. Discover now