💜 Unicode
တီ ...
လင်းထိန်လာတဲ့ ဖုန်းစခရင်လေးရယ် ၊ လူပုဂ္ဂိုလ်တဦးအတွက် သီးသန့်ထားထားသော ဖုန်းမြည်သံလေးရယ် ... ။
တွေဝေစွာစိုက်ကြည့်နေပြီးနောက်မှာတော့ ဖုန်းမီးလေးဟာ မှိန်ကျသွားသည်နှင့်အတူ အခန်းအတွင်းလဲ တိတ်ဆိတ်သွားတော့သည် ။
ဒုတိယအကြိမ်ပြန်ခေါ်လာ၍မလားလို့ စောင့်ဆိုင်းနေခဲ့ပေမယ့် ဒုတိယအကြိမ်ဆိုတာ မရှိလာတော့ဘူး ထင်ပါရဲ့ ။
ဖုန်းကိုကောက်ကိုင်လိုက်ကာပင် ခေါ်ဆိုမှုကို နှိပ်လိုက်ပါသည် ။
ခုနက ဖုန်းမကိုင်ပဲ ငြိမ်နေခဲ့တာ သူမဟုတ်တဲ့အလား ။ အခုတော့ သူကပဲ တမင်ပြန်ခေါ်ရသည် ။
" လူကြီး ဖုန်းခေါ်ထားတာတွေ့လို့ "
" ဟုတ်တယ် ကိုယ်ခေါ်ထားတယ် ၊ မနက်က ဆိုင်ကို လာသွားသေးတယ်ဆို "
" ဟုတ် မုန့်လာစားတာ "
" အကိုဂျမ်ပြောတာတော့ ကိုယ့်ကိုလာတွေ့တာဆို "
မွန်ဂယူ ခဏတော့ တိတ်ဆိတ်သွားသည် ။ လူကြီးနဲ့ ပတ်သတ်ပြီး စိတ်အခြေအနေမကောင်းနေတာကြောင့် လူကြီးအသံကြားတာတောင် ရင်ထဲမှာ တမျိုးကြီးဖြစ်နေသည် ။
" လူကြီး ဒီနေ့ ဘယ်အချိန်အားလဲ "
" အင်းးးးး အားပါတယ် "
" နေ့လည်နားချိန်ကြရင် ကျွန်တော်လာတွေ့မယ် "
" ကောင်းပါပြီ "
ဘာမှဆက်ပြောစရာမရှိတော့ ။ လူကြီးက နဂိုတည်းက စကားနည်းတဲ့လူ ။
ကျွန်တော်ကပဲ အမြဲ စကားတွေကို အစချီပြီးပြောနေကြဆိုပေမယ့် ဒီနေ့တော့ စကားပြောချင်စိတ်မရှိနေပါ ။
" ကျွန်တော် ဖုန်းချလိုက်တော့မယ် "
" ကောင်းပါပြီဗျာ "
အရင်နှုတ်ဆက်လိုက်တာက ကျွန်တော် ၊ အရင် ဖုန်းချလိုက်တာက လူကြီး ။
ကျွန်တော့် စိတ်တွေ ဒီနေ့ ထုံထိုင်းနေပါသည် ။
အစောကတည်းက အကိုဂျမ်ကို လူကြီးရဲ့အချစ်ရေးနဲ့ ပတ်သတ်ပြီး မမေးလိုက်ရမှာ ။
YOU ARE READING
Kim of Jeon ( Completed )
FanfictionKim of Jeon { Both Unicode & Zawgyi } Jeon Jungkook × Kim Taehyung Married-Life