Kim of Jeon - Part 26

11.7K 904 144
                                    

💜 Unicode

ညနေခါတိုင်းအချိန်တိုင်းပင် မွန်ဂယူသည် ပေါင်မုန့်ဆိုင်လေးဆီရောက်လာခဲ့သည် ။

" မျက်နှာမကောင်းပါလား မွန်ဂယူ ၊ ဘာဖြစ်လာတာလဲ "

သိသိသာသာ ညိုးကျနေတဲ့ မျက်နှာလေးကြောင့် ဂျွန်းယောင်း စိတ်ပူသွားတော့သည် ။

" ဘာဖြစ်လာတာလဲ ကိုယ့်ကိုပြော "

ချော့မေးတော့မှ မျက်နှာလေးက ပိုပျက်လာကာ ဂျွန်းယောင်းလက်ကို ဖွဖွဆွဲကိုင်လာသည် ။

" ကျွန်တော်ကလေ ... ဘာစိတ်နဲ့မှမဟုတ်ပါဘူး ၊ ဒီတိုင်း ... ဒီတိုင်းပဲ လူကြီးအစား မခံနိုင်လို့ ထယ်ထယ့်ကို သွားမေးရုံ ... ဒါပေမယ့်လေ လူကြီး "

" အင်း ပြော ဘာဖြစ်လဲ "

ဂျွန်းယောင်း‌ တော်တော်စိတ်ပူနေပြီဖြစ်သည် ။ အပျက်ပျက်ဖြစ်နေတဲ့ ကောင်လေးပုံစံက တော်တော့်ကို စိတ်ပူစရာကောင်းလှသည် ။

ဘာတွေများဖြစ်လာခဲ့တာလဲ ။

" ဂျောင်ဂုကီဟျောင်းသိသွားပြီ "

" ဘာဖြစ်တယ် ? "

ဂျွန်းယောင်း မျက်ဆံတွေ လှုပ်ခတ်သွားရသည် ။ ဘာဖြစ်မှန်း သေချာမသိရသေးပေမယ့် ထယ်ယောင်းကို စိတ်ပူနေပြီဖြစ်သည် ။

" ကျွန်တော်နဲ့ ထယ်ထယ်နဲ့ပြောနေတာတွေကို ဂျောင်ဂုကီဟျောင်းက ကြားပြီး ... "

" အဲ့တော့ သူတို့နှစ်ယောက် ဘာဖြစ်သွားလဲ "

" မသိဘူး ၊ ကျွန်တော့်ရှေ့မှာ ဂျောင်ကုကီဟျောင်းက ထယ်ထယ့်ကို ဘာမှမပြောသွားဘူး ... ဒါပေမယ့် ကျွန်တော် ထယ်ထယ့်ကို စိတ်ပူတယ် "

ဂျွန်းယောင်းလဲ တကယ်စိတ်ပူနေပြီဖြစ်သည် ။ ထယ်ယောင်း အခုအဆင်ပြေနေရဲ့လား ။ ဂျောင်ဂုနဲ့ ဘာတွေဖြစ်နေလောက်ပြီလဲ ။

" ကျွန်တော့်ကြောင့်ဖြစ်သွားတာ အဲ့တာ ... ကျွန်တော့်ကြောင့် "

ပြောရင်း ဝမ်းနည်းလာကာ ငိုစပြုချင်နေသော မွန်ဂယူကို ပွေ့ဖက်နှစ်သိမ့်လိုက်ရသည် ။

သူနဲ့ပြောရင်း သိသွားတာဆိုတော့ အပြစ်မကင်းသလို ခံစားနေရမှာပဲ ။

Kim of Jeon ( Completed )Where stories live. Discover now