💜 Unicode
လေပြေလေညှင်းတို့သည် မုန်တိုင်းတခု၏ အစပျိုးခြင်းမှန်း မေ့လျော့နေခဲ့ကြသည် ... ။
" ခုနက တက်စီသမားက မတရားဈေးခေါ်လို့ ပြန်လွှတ်လိုက်တာ မစီးတော့ဘူးဆိုပြီး "
" အဲ့တာကြောင့် ကျွန်တော်အရင်ကတည်းကပြောတယ် ၊ ကားတစ်စီးဝယ်ပါဆိုတာကို ၊ စီနီယာက မဝယ်နိုင်တာလဲ မဟုတ်ပဲနဲ့ "
" အခု ဘတ်စ်နဲ့လဲ အဆင်ပြေနေတာပဲလေ "
" ဒီလောက် ပိုက်ဆံတွေ ချွေတာနေတာ အိမ်ထောင်ပြုရင်သုံးဖို့အတွက်လား "
" အဲ့တာလဲပါတာပေါ့ "
ထယ်ယောင်းက ရယ်တော့ ဂျွန်းယောင်းလှည့်ကြည့်လိုက်သည် ။
ဘာပဲပြောပြော ထယ်ယောင်းအပေါ်မှာ ထားတဲ့စိတ်ခံစားချက်တွေကို ဖျောက်ပစ်လိုက်တာ ကောင်းလိမ့်မည် ။
ထယ်ယောင်းလဲ ဂျောင်ဂုကို ချစ်နေမိပြီး ကျွန်တော့်မှာလဲ မချစ်နိုင်သေးပေမယ့် မွန်ဂယူရှိနေတယ်လေ ။
တခြားအတွေးတွေ မတွေးနိုင်အောင် ထယ်ယောင်းဆီမှ အကြည့်တို့ကို ဖယ်ခွာလိုက်ပါသည် ။
" ကိုယ်နဲ့မွန်ဂယူနဲ့ တွဲလိုက်ပြီ "
" အင်း ကျွန်တော်သိပြီးပြီ ၊ ဟိုတလောက မွန်ဂယူ ပြောပြတယ် "
ထို့နောက် လေထုဟာ ဘာမှန်းမသိ အေးစက်သွားလေသည် ။
ဆိုင်ရှေ့မှာ ကားရပ်လိုက်ပြီးနောက် ဂျွန်းယောင်း ကားပေါ်ကဆင်းလာတော့ ထယ်ယောင်းကပါ လိုက်ဆင်းလာသည် ။
" ကျွန်တော် ကူမပေးမယ် "
" နေနေ ရတယ် ထယ်ယောင်း ၊ အထဲက ဝန်ထမ်းတစ်ယောက်ကို ခေါ်မခိုင်းလိုက်မယ် "
ပြောရင်းဆိုရင်း ဆိုင်ထဲကနေ ထွက်လာသော ဝန်ထမ်းနှစ်ယောက် ။ စက်ကို ထိုနှစ်ယောက်ကပဲ မသွားပြီး စီနီယာက မစရာမလိုတော့ပါ ။
" လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးပါထယ်ယောင်း ၊ ဆိုင်ထဲမှာ အအေးဖြစ်ဖြစ်သောက်သွားမလား "
" ရပါတယ် ၊ မသောက်တော့ပါဘူး ၊ ဪ ဘလူးဘယ်ရီရိုပါတဲ့ ပေါင်မုန့်လုံးတဘူးလောက်ဝယ်သွားချင်တယ် ၊ မောင့်အမေက စီနီယာ့ဆိုင်က အဲ့တာအရမ်းကြိုက်တာ "
YOU ARE READING
Kim of Jeon ( Completed )
FanfictionKim of Jeon { Both Unicode & Zawgyi } Jeon Jungkook × Kim Taehyung Married-Life