Kim of Jeon - Part 16

8.7K 802 120
                                    

💜 Unicode

ဒီနေ့တော့ ထယ်ယောင်း အလုပ်ပြန်တက်တော့မယ့်နေ့ဖြစ်သည် ။

တပတ်ကြာနားပြီးနောက်မှာတော့ အဖျားအရှင်းပျောက်သွားလေပြီ ။

မောင်ကတော့အိမ်မှာရှိမနေ ။ ဒီမနက် ဝေလီဝေလင်းအချိန်ကပင် နယ်ဘက်ဆင်းသွားပြီဖြစ်သည် ။

မောင်တို့ကုမ္ပဏီရဲ့ မကြာသေးခင်ကမှ ဆောက်ထားတာ စက်ရုံမှာ ပြသနာဖြစ်၍ မောင်က သွားစစ်ဆေးရမည်ဖြစ်သည် ။

နှစ်ရက်သုံးရက်လောက် ပြန်လာမှာမဟုတ်တဲ့အတွက် ကျွန်တော်နဲ့မောင် လေလှိုင်းထဲကနေ အဆက်အသွယ်ရှိကြလိမ့်မည် ။

ကျွန်တော်အလုပ်သွားချိန်လောက် ဖုန်းဆက်လိုက်မယ်ပြောတာမို့ မောင့်ဖုန်းကို ထယ်ယောင်းမျှော်နေပါသည် ။

မောင့်ဂရုစိုက်မှုတွေကို နှစ်သက်သွားသည်လား ၊ မောင့်ကြင်နာမှုတွေကို ခုံမင်သွားသည်လား ၊ သေချာတာကတော့ မောင်ဆိုတဲ့ အနွေးဓာတ်လေး အေးစက်သွားမှာတော့ မလိုလားပေ ။

မူမမှန်တော့တဲ့ကိုယ့်အခြေအနေကိုယ်ရိပ်မိနေသည်မို့ အတွေးများရသည် ။

တနှစ်ကျော် အိမ်ထောင်ရေးမှာ မောင့်အပေါ် စိတ်ယိုင်နေခဲ့ပြီလား ၊ စီနီယာကို လုံးလုံးမေ့သွားနိုင်ခဲ့ပြီပေါ့လား ။

အပေါ်ကုတ်ကို ကြယ်သီးအပြည့်တပ်နေရင်း မျက်လုံးတို့က ကုတင်အောက်ရှိ စက္ကူပုံးလေးဆီကို အကြည့်ရောက်သွားသည် ။

ဒီပုံးလေးကိုလဲ မေမေ့အိမ်မှာ ပြန်ထားမယ် ပြန်ထားမယ်နဲ့ မေ့နေခဲ့တာ ။ ဒီနေ့ အလုပ်ပြန်ရင်တော့ မေမေတို့ကိုဝင်တွေ့ရင်း တခါတည်းဝင်ထားခဲ့လိုက်တော့မည် ။

ပုံးကို မလိုက်တော့ ဘာမှန်းမသိတဲ့ ခံစားချက်တွေဝင်လာသည် ။

မပစ်ရက်ခဲ့ဘူး ။ တချိန်က ကိုယ်အရမ်းတန်ဖိုးထားတဲ့ ဒီထဲက အမှတ်တရလေးတွေကို အမှိုက်ပုံးထဲက အမှိုက်တွေနဲ့ အတူတူ မပစ်ရက်ခဲ့ဘူး ။

မောင်သာသိရင် ဘယ်လောက်တောင်များ ရင်ကွဲလိုက်မလဲ ။ ကျွန်တော်ကသာ ဒီသက်မဲ့ပစ္စည်းတွေကို နှမြောနေမိလို့သာ ။

Kim of Jeon ( Completed )Where stories live. Discover now