💜 Unicode
ကုမ္ပဏီထဲသို့ဝင်လိုက်သည်နှင့် ဝန်ထမ်းများက တရိုတသေ အရိုအသေပေးနှုတ်ဆက်ကြတော့ ထယ်ယောင်းသည်လဲ တရင်းတနှီးပင်ပြုံးပြရင်း ပြန်နှုတ်ဆက်သည် ။
" ဒါရိုက်တာကင်မ်ဗျ "
Sale & Marketing ဌာနရှေ့ကအဖြတ် အနောက်ထံပါးဆီမှ ခေါ်သံကြောင့် ထယ်ယောင်းလှည့်ကြည့်လိုက်တော့ ဝန်ထမ်းကောင်လေးတစ်ယောက် ။
" ကျွန်တော်က Sale & Marketing အဖွဲ့က ဒီနှစ်ရဲ့အလုပ်သင်ပါ "
ကောင်လေးသည် သူ့ကိုယ်သူလဲ မိတ်ဆက်ရင်း ခေါင်းကိုင်းညွတ်ကာ နှုတ်ဆက်သည် ။
လက်ထဲမှာလဲ ဖိုင်တွဲလေးတတွဲဖြင့် ။
" ဘာဖြစ်လို့လဲ "
" ကျွန်တော် လုပ်ငန်းနဲ့ပတ်သတ်ပြီး နည်းနည်းမေးစရာရှိလို့ ၊ ကျွန်တော်တို့အဖွဲ့က ခေါင်းဆောင်က ဒီနေ့ခွင့်ယူထားတာမို့ ဒါရိုက်တာကင်မ်ကိုပဲ မေးလိုရမလားဗျ "
ထယ်ယောင်းရဲ့ အထူးပြုက Sale & Marketing ၊ ဒါကြောင့် ထိုဌာနက အလုပ်သင်လေးတွေရဲ့ ဆရာသည် ထယ်ယောင်းအမြဲဖြစ်ခဲ့သည် ။
" ရပါတယ် ၊ ဒါပေမယ့် အခုတော့ အဆင်မပြေသေးဘူး ၊ အစည်းအဝေးတက်စရာရှိလို့ ၊ ဆယ့်တစ်ခွဲ ဆယ့်နှစ် လောက်ကြမှ ရုံးခန်းကို လာခဲ့ပါ "
" ဟုတ်ကဲ့ပါ ၊ ကျွန်တော် အဲ့တော့မှ လာခဲ့ပါ့မယ် "
ထို့နောက် ထယ်ယောင်းလဲ ထိုနေရာမှထွက်ခဲ့ကာ အစည်းအဝေးခန်းကြီးထဲ တန်းဝင်ခဲ့သည် ။
တောက်လျှောက်စိတ်မပါလက်မပါနဲ့ ထိုင်နေခဲ့ပြီး ဘေးကမွန်ဂယူသည်လဲ စိတ်လွင့်နေသလို ပုံစံမျိုးတွေ့နေရသည် ။
ကျွန်တော်ကတော့ မနေ့က စီနီယာ့ကို ဆိုင်ပြန်လိုက်ပို့ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီး အာရုံစူးစိုက်မှုမရှိဘူးဆိုပေမယ့် မွန်ဂယူကရော ဘာဖြစ်နေတာလဲ ။
စီနီယာနဲ့မွန်ဂယူ အဆင်မပြေကြလို့များလား ။
" ထယ်ထယ် ငါမင်းနဲ့ စကားခဏပြောချင်တယ် "
မွန်ဂယူသည် ကျွန်တော့်ရုံးခန်းထဲလိုက်ဝင်လာသည် ။
" ဪ အေး "
YOU ARE READING
Kim of Jeon ( Completed )
FanficKim of Jeon { Both Unicode & Zawgyi } Jeon Jungkook × Kim Taehyung Married-Life