Kim of Jeon - Part 17

8.4K 851 78
                                    

💜 Unicode

အလုပ်ကအပြန် မေမေ့အိမ်ကို ဝင်ခဲ့သည် ။ ခြံထဲမှာ ကားရပ်လိုက်ပြီး ကားအနောက်ခန်းထဲမှ စက္ကူပုံးကို မ ကာ အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲမှာ ဖေဖေမေမေတို့နဲ့အတူ ထိုင်နေသူမှာ စီနီယာ ။

စီနီယာနဲ့ဖေဖေနဲ့ကတော့ အဆက်အသွယ်အမြဲရှိသည် ။ ဒီတလော စီနီယာက မြို့ထဲမှာ ဆိုင်ခွဲအသစ်ဖွင့်ဖို့ကိစ္စကို ဖေဖေက ကူညီပေးနေသည်လို့လဲ ကြားထားသည် ။

" သားလေး လာတယ် ၊ မေမေက လွမ်းနေတာ "

မေမေက ကျွန်တော့်ကို လာဖက်သည် ။

" ဟုတ် မေမေ ၊ ညစာ အတူတူလာစားတာ ၊ မေမေတို့က စားပြီးသွားကြပြီလား "

" ဖေဖေတို့က စားပြီးပြီသားရေ ၊ ဂျွန်းယောင်းလဲရောက်နေတော့ တူတူစားလိုက်ကြတာ "

ကျွန်တော် စီနီယာ့ကိုကြည့်လိုက်တော့ ကျွန်တော့်ကိုလဲ ကြည့်နေသော စီနီယာ ။

" သားအတွက် မေမေ ထမင်းပွဲပြင်ပေးမယ် ၊ ခဏပဲစောင့်နော် "

မေမေက ပြောရင်း မီးဖိုခန်းထဲဝင်သွားသည် ။

ဖေဖေ့ကို ပြုံးပြနှုတ်ဆက်ပြီး ကျွန်တော့်ကိုကြည့်နေသော စီနီယာ့ကိုတော့ ဘာမှတုံ့ပြန်ခြင်းမရှိပဲ အပေါ်ထပ်အခန်းဆီတက်လာခဲ့သည် ။

အရင်က ကျွန်တော်နေခဲ့တဲ့အခန်းလေးထဲရောက်တော့ ဖုန်နံ့စွဲကပ်နေခြင်းမရှိတဲ့ အခန်းလေး ။

မေမေက တစ်ပတ်တစ်ခါ အမြဲသန့်ရှင်းရေးလုပ်ပေးတာမို့ ပရိဘောဂပစ္စည်းတွေပေါ်မှာလဲ ဖုန်တစက်တောင်ရှိမနေ ။

အလွတ်ဖြစ်နေပြီဖြစ်တဲ့ အဝတ်ဗီရိုထဲမှာ ပုံးလေးကို ထည့်ထားလိုက်သည် ။

အဲ့ထဲမှာပဲ နေပါတော့ ။

အောက်ထပ်ပြန်ဆင်းလာပြီး မီးဖိုခန်းထဲဝင်လာတော့ ထမင်းပွဲအသင့်ပြင်ထားပြီး ထိုင်စောင့်နေတဲ့ မေမေ ။

" ကောင်းကောင်းစားပါ့မယ် "

ခုံမှာဝင်ထိုင်လိုက်ရင်း ပြောလိုက်ပြီး အားရပါးရစားဖို့ ဟန်ပြင်မိတော့သည် ။

မေမေကလဲ ဟင်းတွေ ကျွန်တော့်ထမင်းပန်းကန်ထဲ ထည့်ပေးကာ ..

" များများစား မေမေ့သားလေး ၊ ပိန်သွားလိုက်တာ "

Kim of Jeon ( Completed )Where stories live. Discover now