💜 Unicode
Age-limited Scene ⚠️
ပုံမှန် အလုပ်ပိတ်ရက်တွေဆို မိဘအိမ်သွားလည်ရင်လည် မဟုတ်ရင် မောင်နဲ့ပဲ အိမ်မှာ အချိန်ကုန်ဖြစ်သည် ။
ဒီတစ်ပတ်ပိတ်ရက်တော့ မွန်ဂယူက နှစ်ယောက်တည်း လျှောက်သွားရအောင် ချိန်းတာနဲ့ မနက်စာစားပြီး မောင့်ကို ပြောကာ မွန်ဂယူ့ဆီထွက်လာခဲ့လိုက်သည် ။
စီနီယာနဲ့ မွန်ဂယူ မင်္ဂလာဆောင်ပြီးကတည်းက နှစ်ယောက်အတူနေကြရန် တိုက်ခန်းတစ်ခန်းဝယ်ထားကြသည် ။
ကားထဲ၌ ဖုန်းခေါ်တာ မကိုင်တာမို့ အပေါ်တက်လာခဲ့ရသည် ။
၂လွှာတွင်ရှိသော မွန်ဂယူတို့အခန်းရှေ့ရောက်တာနဲ့ ဘဲလ်တီးလိုက်သည် ။ပထမတစ်ခါ တီးတော့ ထွက်မလာ ။
ဒုတိယတစ်ခါတီးပြီး ခဏနေတော့ တံခါးလာဖွင့်ပေးသည် ။အကျီလက်ပြတ် ဘောင်းဘီအတိုနဲ့ အိပ်ချင်မူးတူးဖြစ်နေသော မွန်ဂယူက ထယ်ယောင်းကို တံခါးဖွင့်ပေးပြီးတာနဲ့ ဆိုဖာမှာ ပစ်လှဲချလိုက်သည် ။
ထယ်ယောင်းသည် မွန်ဂယူဘေးမှာ ဝင်ထိုင်လိုက်ပြီး ကြည့်တော့ မွန်ဂယူ့လည်ပင်းနှင့် အကျီလွတ်နေသော ပုခုံးစတွေမှာ နီညိုညိုအကွက်တစ်ချို့ကို တွေ့လိုက်ရသည် ။
ထယ်ယောင်း ပြုံးလိုက်ပြီး မသိချင်ယောင်ဆောင်နေလိုက်ပါတော့သည် ။
" ဆောရီးကွာ ဆောရီး ဆောရီး ထယ်ထယ်နဲ့ချိန်းထားတာကို မေ့သွားတယ် ။ ဒီနေ့ မသွားနိုင်တော့ဘူးကွာ ။ အိပ်ချင်တယ် အရမ်းပင်ပန်းနေလို့ "
ကြည့်ပြီးတောင် မပြောနိုင်ပဲ မျက်လုံးအစုံကို မှိတ်ကာ အိပ်နေလျက်နှင့် ပြောနေသည် ။
ထယ်ယောင်း ခပ်ကြိတ်ကြိတ်လေးရယ်လိုက်ရတော့သည် ။" အင်းပေါ့ အင်းပေါ့ ။ ကိစ္စမရှိပါဘူး နောက်နေ့သွားမယ်လေ ။ မင်းပင်ပန်းနေမှာပေါ့ အဟား "
ရယ်သံထွက်သွားတော့ မွန်ဂယူက ခေါင်းထောင်ကြည့်လာသည် ။
ထို့နောက် ဆတ်ခနဲ ထထိုင်လိုက်ပြီး အော်လိုက်တာ အား ခနဲ ။
YOU ARE READING
Kim of Jeon ( Completed )
FanfictionKim of Jeon { Both Unicode & Zawgyi } Jeon Jungkook × Kim Taehyung Married-Life