💜 Unicode
အေးစက်နေသော ညခင်းတခု ... ။
လူချမ်းသာရပ်ကွက်ဖြစ်တာမို့ အရာရာဟာ တိတ်ဆိတ်နေသည် ။
ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်နဲ့မှမလိုက် အိပ်ခန်းတခုအတွင်းမှာတော့ လေထုအပူချိန်ဟာ တော်တော်ကိုမြင့်မားလျက်ရှိသည် ။
ကြမ်းပြင်ပေါ်မှာ မျက်ရည်စက်လက်နဲ့ ဒူးထောက်နေသော ကောင်လေးတစ်ယောက် ။
ထိုကောင်လေးရဲ့အရှေ့မှာတော့ အရာရာကို လက်မြောက်အရှုံးပေးချင်လောက်အောင်အထိ စိတ်ဓါတ်ကျနေသော နောက်ထပ်ကောင်လေးတစ်ယောက် ရပ်နေသည် ။
" မောင် ကျတော် တောင်းပန်ပါတယ် ၊ မောင် ခွင့်လွှတ်ပေးပါလို့ ကျတော်မတောင်းဆိုနိုင်မှန်းသိပေမယ့် ကျတော်တောင်းပန်ပါတယ် "
မျက်ရည်အရွှဲသားဖြစ်နေသော ချစ်ရသူပုံစံသည် နှလုံးသားအားမီးစနဲ့ ထိုးသကဲ့သို့ ။
လုပ်ရက်လိုက်လေခြင်း ထယ်ရယ် ... ။
မောင်ဆိုတာ မင်းကိုအမြဲ ခွင့်လွှတ်ပြီးသားပါ .. ။
ဒါပေမယ့် ထယ် လုပ်ရက်လိုက်တာ .... ။
မောင်က ထယ့်ကို သိပ်ချစ်တာလေ ထယ်ရယ် ... ။" ထယ် အဲ့လူကို တအားချစ်ခဲ့မှာပေါ့ "
တုန်တုန်းရင်ရင်အသံကို မနည်းထိန်းကာပြောနေသော ဂျောင်ကုရင်ထဲမှာလဲ ပူလောင်လွန်းလှနေပါပြီ ။
မဖြေပါရစေနဲ့လို့ တောင်းလျိုးပန်လျိုးကြည့်နေသော ထယ့်မျက်ဝန်းတွေကို ပထမဆုံးအကြိမ်အနေနဲ့ ဂျောင်ကုလျစ်လျူရှူလိုက်သည် ။
ဖြေပေးပါ ထယ် ။ မောင်အမှန်တိုင်းသိရမှဖြစ်မယ် .. ။
" အမှန်အတိုင်းဖြေပေးပါ ထယ် ၊ စိတ်ချမ်းသာရမယ့်အဖြေမျိုးထက် အမှန်အတိုင်းပဲ မောင်သိချင်တယ် "
မျက်ရည်စီးကြောင်းများစွာ သက်ဆင်းနေရာ အရင်းအမြစ်ဖြစ်တဲ့ ဂျောင်ကုချစ်သော မျက်ဝန်းလှလှလေးတွေ မှိတ်ချလိုက်သောအခါ အရည်ကြည်ပေါင်းများစွာ ထပ်မံကျဆင်းလာလေသည် ။
YOU ARE READING
Kim of Jeon ( Completed )
FanfictionKim of Jeon { Both Unicode & Zawgyi } Jeon Jungkook × Kim Taehyung Married-Life