Kim of Jeon - Part 2

9.8K 940 50
                                    

💜 Unicode

ငြိမ့်ညောင်းနေသော Classical တေးသွားလေးက အေးချမ်းရာတည်း ။

စားပွဲဝိုင်းလေးပေါ်က ကော်ဖီခွက်ပုလေးရဲ့ အနားသားလေးတွေကို လက်မနှစ်ချောင်းဖြင့် ဟိုပွတ်ဒီပွတ်နေသည်မှာ စိတ်လှုပ်ရှားနေပုံ .... ။

ကော်ဖီဆိုင်ကောင်တာစားပွဲရဲ့ အပေါ်ဘက်က နာရီကို မော့ကြည့်လိုက်တော့ ငါးမိနစ်လိုသေးသးည် ။

ချိန်းထားတဲ့အချိန်ထက် မိနစ်နှစ်ဆယ်ကြိုစောရောက်နေတာလို့ ပြောလျှင် ရူးနေပြီလို့ ပြန်ပြောကြလေမလား ။

တကယ်တော့ စိတ်လောနေတာပါ ။

ကုတ်အကျီအတွင်းအိပ်ကပ်လေးထဲမှာထည့်ထားသော လိပ်စာကတ်လေးအား ထုတ်ကြည့်လိုက်သည် ။

နှုတ်ခမ်းလှုပ်ရုံလောက်လေး အသံတိတ်ရွတ်လိုက်မိသော စာစုတချို့မှာ ....

[ ကင်မ်စားသောက်ကုန်လုပ်ငန်းစု ဒါရိုက်တာကင်မ်ထယ်ယောင်း ]

ကင်မ်ထယ်ယောင်းဆိုသော နာမည်သည် ဦးနှောက်ထဲပဲ့တင်သံထပ်နေသလို အသံဩရှရှတစုံသည်လဲ နှလုံးသားထဲ စွဲထင်ကျန်နေသည် ။

ပထမဆုံးတွေ့ဆုံမှုသည် ပေါင်မုန့်ဆိုင်တခု၏ အဝင်ဝမှာ ။

ကိုယ့်အာရုံနဲ့ကိုယ်မို့ မတော်တဆတိုက်မိသွားခြင်းမှသည် ထိုကောင်လေးထံသို့ နှလုံးသားလေး တိတ်တဆိတ်ကပ်ပါသွားလေသည် ။

ဒုတိယအကြိမ် တွေ့ဆုံမှုသည် လမ်းမကြီးတခုဘေးမှာ ။

အနောက်ကနေဆောင့်တိုက်ခံလိုက်ရ၍ အောင့်သွားသော ဇက်တနေရာက နာကျင်မှုကို မေ့လျော့သွားစေနိုင်သည်အထိ ပြုစားခံလိုက်ရသည် ။

ကလောင်ဆိုသော တံခါးဝ၌ ချိတ်ဆွဲထားသော ခေါင်းလောင်းသေးသေးလေးတွေရဲ့ မြည်သံတိုးတိုးကိုကြားလိုက်ရ၍ ဂျောင်ကု ချက်ချင်းမော့ကြည့်လိုက်သည် ။

Long coat အညိုရောင်အရှည်ကြီးအောက်က ကောင်လေး ။ ဂျောင်ကုထင်သည် ထိုကောင်လေးခန္ဓာကိုယ်လေးဟာ သေးသေးကွေးကွေးလေးဖြစ်နေလိမ့်မည်လို့ ။

" ထယ်ယောင်းရှီ "

သူမတ်တပ်ရပ်ကာ လှမ်းခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့ မျက်ဝန်းလှလှ ။

Kim of Jeon ( Completed )Where stories live. Discover now