💜 Unicode
" ငါပြောတာကြားလား ဂျွန်းယောင်း ၊ နင်အဲ့ကောင်လေးကို ခေါင်းထဲက ထုတ်လိုက်တော့ "
အဝေးပြေးကားဂိတ်ရောက်နေပြီအထိတောင် ဒေါ်ဒေါ်မှာ အဲ့စကားကို ပြောလို့မပြီးသေး ။
" ကြားပါတယ် ကျွန်တော်သိပါတယ်ဆို ဒေါ်ဒေါ်ရာ ၊ ဘယ်နှစ်ခေါက်တောင်ပြောနေဦးမှာလဲဗျာ "
" ထယ်ယောင်းက နင့်ကို ထားသွားခဲ့တဲ့လူနော် ၊ နင့်စိတ်ထဲ ထားထားနေလို့ နင်ပဲ ဦးနှောက်မရှိတဲ့လူဖြစ်သွားမယ် ၊ သူက နင့်ကိုလှည့်တောင် ကြည့်တော့မှာမဟုတ်ဘူး "
ငယ့်ကို မကောင်းပြောတော့ ဂျွန်းယောင်းရင်ထဲ မခံသာပေမယ့် မတတ်နိုင်တော့ ပြန်ငြင်းမိရင် ဒီတသက် ဒေါ်ဒေါ်ရဲ့ လေရှည်မှုကနေ လွတ်မြောက်နိုင်မှာမဟုတ်လို့ ငြိမ်နေလိုက်တော့သည် ။
" ဟိုမှာ ကားပေါ်တက်လို့ရပြီတဲ့ "
ကားတံခါးဖွင့်ပေးလိုက်ပြီဖြစ်တဲ့ အဝေးပြေးကားကို ညွှန်ပြလိုက်ရင်း ပြောလိုက်သည် ။
" အေးအေး ဒါဆို ဒေါ်ဒေါ်သွားပြီ ၊ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ကြားလား ၊ ချစ်သူလေးဘာလေးရှာ ၊ ထယ်ယောင်းလို နောက်တစ်ယောက်တော့ ငါမလိုချင်ဘူးနော် "
" အင်းပါ ၊ ဒေါ်ဒေါ်သာ ကျန်းမာရေးဂရုစိုက်ပါ ၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့ "
ဒေါ်ဒေါ်က ကျွန်တော့်ကို မကြည်ကြည့်ကြည့်ရင်း ကားပေါ်တက်သွားတော့သည် ။
ကားထွက်သွားသည်အထိ ကျွန်တော် ထိုနေရာမှာပဲ ရပ်စောင့်နေခဲ့ကာ နောက်တော့ ထိုနေရာမှ ထွက်လာခဲ့တော့သည် ။
တီ ~
ဘတ်စ်ပေါ်တက်တက်ချင်း ဘတ်စ်စီးခအကြွေထည့်နေတုန်း ဘောင်းဘီအိတ်ကပ်ထဲမှာ မြည်လာသော ကျွန်တော့်ဖုန်း ။
ခုံအလွတ်မှာအမြန်ဝင်ထိုင်လိုက်ပြီး ဖုန်းကို ထုတ်ကြည့်လိုက်တော့ ထင်ထားသည့်အတိုင်း ကောင်လေးဖြစ်နေတော့သည် ။
" အင်း ပြော ကောင်လေး "
" ဟင်းးးးးး လူကြီး ပျင်းလို့ "
YOU ARE READING
Kim of Jeon ( Completed )
FanfictionKim of Jeon { Both Unicode & Zawgyi } Jeon Jungkook × Kim Taehyung Married-Life