💜 Unicode
ခြေထောက်လေးတွေ လှုပ်ရမ်းရင်း လူကြီးကို စောင့်နေမိသည် ။
ခဏနေတော့ ဗန်းလေးကိုင်ကာ ကျွန်တော့်ဆီ လျှောက်လာတဲ့ လူကြီး ။
ကျွန်တော့်ကို ပြုံးပြကာ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး ကော်ဖီအေး နှစ်ခွက်ထဲက တခွက်ကို သူယူလိုက်ကာ ဗန်းလေးကို ကျွန်တော့်ဆီ တွန်းပို့လာသည် ။
" စားလို့ရပြီ "
" လူကြီးလဲ စားနော် "
ဆိုကာ ဘာဂါကြော်ကို တဝက် ခွဲမယ်လုပ်တော့ လူကြီးက လက်တကာကာဖြင့် တားသည် ။
" မစားတော့ပါဘူး ၊ ကိုယ့်ဘာသာကိုယ်ပဲ စားပါ "
ဂျွန်းယောင်းပြောလိုက်တော့ ဘာဂါလေးကိုင်လျက်သားလေးနှင့် ပြူးပြူးလေး ကြည့်လာတဲ့ ကောင်လေး ။
ဘာရယ်မဟုတ် ထိုပုံလေးဟာ မျက်လုံးထဲ ချစ်ဖို့ကောင်းနေသည်မို့ အလိုလိုပြုံးမိသွားသည် ။
" အဲ့နေ့က အိမ်ကို ကောင်းကောင်းပြန်ရောက်ရဲ့လား "
" အွန်း လူကြီးကျေးဇူးကြောင့်လေ "
ဘာဂါကို အားရပါးရကိုက်လိုက်ပြီး တမြုံ့မြုံ့ဝါးရင်း ဟီးခနဲ ရယ်ပြလေတော့ ဂျွန်းယောင်း နှလုံးသားကို တစ်စုံတစ်ယောက်ကို သွားသတိရစေသည် ။
ကောင်လေးအပြုံးတွေက ငယ့်လောက် လေးထောင့်မဆန်ပေမယ့် အနည်းငယ် လေးထောင့်ဆန်ချင်ချင်ပုံစံရှိသည် ။
" ကိုယ့်ထီးကို လိုက်ပေးရင်း မပြန်တတ်ဖြစ်သွားတာလေ ၊ ကိုယ့်ကို ကျေးဇူးတင်စရာမလိုပါဘူး "
ခေါင်းလေး တဆတ်ဆတ်ငြိမ့်ပြတဲ့ကောင်လေး ။ အာလူးကြော်လေးနှိုက်စားလိုက် ကော်ဖီအေးလေးသောက်လိုက် ဘာဂါကိုလဲ အဝါးမပြတ် ။
အစားအသောက်ကြိုက်ပုံများ တစ်ယောက်သောသူနဲ့ တူလိုက်တာ ။
" လူကြီး သောက်လေ "
တစ်စုံတစ်ယောက်နဲ့ တူညီသော အငွေ့အသက်တွေကြောင့် ကောင်လေးကို ငေးကြည့်နေတုန်း ကော်ဖီလဲ မသောက်နေမိတော့ ကောင်လေးက မေးလေးငေါ့ရင်း သတိပေးသည် ။
YOU ARE READING
Kim of Jeon ( Completed )
FanfictionKim of Jeon { Both Unicode & Zawgyi } Jeon Jungkook × Kim Taehyung Married-Life