💜 Unicode
" ဝက်နံရိုးပြုတ်လေး စားကြမလား ထယ် "
ဘေးနားက အသီးအရွက်တန်းမှာ အရွက်တွေကြည့်နေတုန်း ဂျောင်ဂုက ဝက်နံရိုးကိုပါကင်ထုတ်ထားတဲ့ ပါဆယ်ဘူးကို ကိုင်ကြည့်ရင်း မေးလာသည် ။
" မောင် စားချင်ရင် ဝယ်လိုက်လေ "
ထယ်ယောင်းပြောလိုက်တော့ ဂျောင်ဂုက လက်ထဲမှာကိုင်ထားတဲ့ ဝက်နံရိုးအစိမ်းပါကင်ဘူးကို ခြင်းတောင်းထဲထည့်လိုက်သည် ။
" ဘာစားချင်သေးလဲ ၊ အာ ... အဖေတို့ အမေတို့က ဘာကြိုက်လဲဟင် "
" အင်းးးးးး ငါးတံခွန်ဟင်းတို့ သုံးထပ်သားတို့လဲ ကြိုက်တယ် "
" .... "
" ဪ မောင် ဆန်မုန့်ကြော်လဲ စားချင်တယ် "
" အများကြီးပဲ ဘယ်က စဝယ်ရမှန်းတောင် မသိတော့ဘူး "
" ဟီးးးး လာ မောင့်နောက်သာ လိုက်ခဲ့တော့ "
ထယ်ယောင်းလက်ကောက်ဝတ်ကို ဆွဲကာ အရှေ့ကနေ ဦးဆောင်ထွက်သွားတော့ ထယ်ယောင်းလဲ ဆွဲခေါ်ရာအတိုင်းသာ လိုက်ခဲ့တော့သည် ။
ပါဝင်ပစ္စည်းတွေကို တွေ့သမျှ ခြင်းထဲ အကုန်ကောက်ထည့်တော့ ထယ်ယောင်းမှာ ကုန်ဆုံးရက်တွေကို လိုက်ကြည့်ရသည် ။
ပစ္စည်းတွေကို အကုန်ကောက်ထည့်လိုက်တာပဲ ကုန်ဆုံးရက်လေး ဘာလေး မကြည့်ဘူး ဂျောင်ဂုကတော့ ။
" ဂျွန် "
မိန်းကလေးတစ်ယောက်ရဲ့ ခေါ်သံကြောင့် ဆန်မုန့်ထုပ်ယူနေတဲ့ ဂျောင်ဂုရော ၊ ခြင်းထဲက ပစ္စည်းတွေကို ကုန်ဆုံးရက်ကြည့်နေတဲ့ ထယ်ယောင်းရော လှည့်ကြည့်လိုက်ကြသည် ။
" နာနာပါလား ၊ ဘာလာဝယ်တာလဲ "
" ခေါက်ဆွဲခြောက်ထုပ်တွေ လာဝယ်တာ ၊ အိမ်မှာ မရှိတော့လို့လေ ၊ နင့် အမျိုးသားလဲ ပါလာတာပဲ "
ကိုယ့်ကိုကြည့်ရင်း ပြောလိုက်သည်မို့ ထယ်ယောင်းလဲ နှုတ်ဆက်လိုက်သည် ။
" မင်္ဂလာပါ "
ထိုမိန်းကလေးက တချက်သာပြုံးပြပြီး ဂျောင်ဂုဘက်ပြန်လှည့်သွားသည် ။
YOU ARE READING
Kim of Jeon ( Completed )
FanfikceKim of Jeon { Both Unicode & Zawgyi } Jeon Jungkook × Kim Taehyung Married-Life