Kim of Jeon - Part 15

9.3K 869 118
                                    

💜 Unicode

" ဝါးးး ခါတိုင်းတစ်ယောက်တည်း ဒီလမ်းကို လျှောက်နေကြပဲကို ၊ ဒီနေ့ကြမှ ခံစားချက်တွေက ကောင်းနေတယ် "

ကုမ္ပဏီကထွက်လာတဲ့လမ်းမှာ မွန်ဂယူက ကောင်းကင်ကြီးကို မော့ကြည့်ပြီး ပြုံးကာ ပြောလိုက်သည် ။

" အဲ့တာ ဘာလို့လဲ သိလား "

အေးဆေးလျှောက်နေသော ဘေးက ဂျွန်းယောင်းကို လှည့်ကြည့်ကာ ပြုံးပြုံးလေးနှင့် မေးတော့ ဂျွန်းယောင်းက ခေါင်းခါသည် ။

" အဲ့တာ လူကြီးနဲ့တူတူလျှောက်ရလို့တဲ့ "

လမ်းလျှောက်နေလျက် ဂျွန်းယောင်းမျက်နှာနားတိုးကပ်ကာ ပြောလိုက်ပြီး ခြေလမ်းသွက်သွက်တို့ဖြင့် အရှေ့ကနေဦးတည်လျှောက်သည် ။

လျှောက်နေရင်းလျှောက်နေရင်း မွန်ဂယူခြေလှမ်းတွေလွန်သွားသည်မှာ ဘတ်စ်ကားဂိတ်တောင် ကျော်တော့မည်မို့ ဂျွန်းယောင်းသည် အရှေ့မှာလျှောက်နေတဲ့ မွန်ဂယူ့တံတောင်ဆစ်ကို လှမ်းဆွဲလိုက်သည် ။

" ကားဂိတ်ရောက်နေပြီလေ "

" အိမ်မပြန်သေးပါဘူး ၊ လူကြီးနဲ့ အတူလျှောက်နေရတာကို အိမ်တန်းပြန်ရရင် နှမြောစရာကြီးမဟုတ်ဘူးလား "

ဆိုက်ရောက်လာသော ဘတ်စ်အစိမ်းရောင်ကို ကြည့်ရင်း မွန်ဂယူကပြောတော့ သူ့တံတောင်ဆစ်ကို ဆွဲထားတာကို လွှတ်ပေးလိုက်သည် ။

" ဘယ်အထိလျှောက်မလို့လဲ "

" ကျွန်တော် စိတ်ကျေနပ်တဲ့အထိပေါ့ ၊ ကျွန်တော်နဲ့ အဖော်လုပ်ပေးမယ်မလား လူကြီး "

ဒီတိုင်းအိမ်ပြန်သွားရင်လဲ ဘာမှလုပ်စရာမရှိမယ့်အတူတူ အပျင်းပြေ လမ်းလျှောက်နေလဲ ကောင်းတာပဲဟုတွေးမိ၍ ဂျွန်းယောင်း ခေါင်းငြိမ့်ပြလိုက်သည် ။

" ဒီနေ့က ဆိုင်ပိတ်တော့ အမှန်ဆို ဒီချိန်က လူကြီး အိမ်မှာနှပ်နေရမယ့် အချိန်နော် ၊ ကျွန်တော်က သက်သက်လှမ်းခေါ်လိုက်မိလို့ တောင်းပန်ပါတယ် "

" သိရဲ့သားနဲ့ သက်သက်လှမ်းခေါ်လိုက်ပြီးမှ တောင်းပန်တယ်ပေါ့ ၊ အစီအစဉ်ကျလိုက်တာ "

Kim of Jeon ( Completed )Where stories live. Discover now