'ထလေ. ဘာလုပ်နေတာလဲ? အအေးပတ်သေချင်နေလို့ လမ်းမကြီးမှာ နေ,နေတာလား?'
ခပ်စူးစူး ထွက်လာတဲ့ အသံရှရှအောက်မှာ လဲကျနေတဲ့ ခြေသလုံးရိုးတွေကို အတည့်ပြန်ဖြစ်ဖို့ လမ်းမပေါ်ကို လက် ထောက်အားယူလိုက်ရသည်။ သူ့ရှေ့တည့်တည့်မှာ မတ်မတ်ရပ်နေတဲ့ ခန္ဓာကိုယ်လေးကတော့ သူ့ကို ထူဖို့ လက် လှမ်းပေးရန် အစီအစဥ်တောင် ရှိပုံမပေါ်။
ကျောက်စရစ်ခဲကြမ်းကြမ်းတို့ မရှိပေမယ့် အနည်းငယ် သဲကြမ်းမှုန်ရှိသော ကတ္တရာလမ်းနက်နက်ကို အားပြုရင်း သူ့ရဲ့ တစ်နေ့တာလုံးနီးပါး မောဟိုက်နွမ်းဖတ်နေသော တစ်ကိုယ်လုံးကို ထောက်ကန် ထရသည်မှာ သိပ်တော့ မသက်သာလှ။
မျက်နှာချင်းဆိုင်မှာ ရပ်ပြီးနောက်မှာတော့ သူ ခုနက သေချာမမြင်ခဲ့ရသေးသော ရွှေအိုရောင် မျက်နှာလေးကို မြင် ရသည်။ မြင်နေကျထက် ပိုပြီး ၀င်းလဲ့နေလိုက်သည်မှာ မျက်နှာလေးပေါ်က မျက်နက်၀န်းတွေမှာ စီးကျနေတဲ့ ပြဒါးငွေ့ရောင် မျက်ရည်တွေကြောင့်လည်း ဖြစ်ပုံပေါ်သည်။
ထိုမျက်ရည်ပွင့်တွေက သူ့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်လို့ကျလာတဲ့ မျက်ရည်တွေဆိုတာ သိပေမယ့်လည်း အဲ့ဒီစိတ်အနှောင့်အယှက် ဖြစ်ရတဲ့ ခံစားချက်လေးနဲ့ ငယ့်စိတ်ထဲကို နေရာယူခွင့်ရတာလေးကိုပဲ ကျေနပ်နေမိ သည်။
ပထမတစ်ခါက လမ်းမီးရောင်အောက်မှာ မြင်လိုက်ရတာထက် ဒီတခေါက် မျက်နှာလေးက သူ့စိတ်ထင် ပိုပြီး ကြွကြွရွရွ ရှိလှသည်။
အရင်တခေါက်တုန်းက ရင်တွေ အရမ်းတုန်နေတာရယ်၊ ငယ် စိတ်ဆိုးသွားမှာစိုးလို့ အနေအထိုင် ဆင်ခြင်နေတာ နဲ့တင် မျက်နှာလေးကို အသေအချာပင် မကြည့်လိုက်နိုင်။
ဒီတခါတော့ ပိုပြီး အနီးကပ် ကြည့်လေလေ တစ်ချိန်တုန်းက မေပယ်ရွက်တွေအောက်က ငယ့်ရဲ့ ချွေးစို့နေတဲ့ မျက်နှာလေးကို တစ်ဖန် ပြန်မြင်ရသလိုပင်။
'Park Chanyeol Sshi, ခင်ဗျား ကျွန်တော့် နောက်ကို လိုက်ခဲ့'
အရှေ့ကနေ အမြန်လှည့်ထွက်သွားသော ကျောြပင်နောက်ကို နာနေတဲ့ ညာဘက်ဒူးခေါင်းကို ခပ်ဆဆ ဖိရင်း လိုက်သွားမိသည်။ ငယ်က အခုထိ သူ့နာမည်အတိအကျကို မှတ်ထားသေးတာမို့ ခြောက်သွေ့ အေးခဲနေတဲ့ နှုတ် ခမ်းတွေ တွန့်ကွေးကုန်တဲ့အထိ ပြုံးလိုက်မိသည်။