Part 10

16.6K 1.5K 248
                                        

ယခုတလော ဆောင်းတွင်း ချဉ်းကပ်စအချိန်ဖြစ်သဖြင့် နေအဝင်ထက် နေအကျသည် နာရီပိုင်းမျှမက စောစီးစွာ တိုးရောက်သည် ။ နဂိုကတည်းက အအေးဓါတ်စိမ့်သော တောသဘာဝအရ ဆောင်းဝင်လာသောအခါ သာမန် ထက် အပူငွေ့ဆုတ်ယုတ်ကာ ပါးပါးလျလျသာ ကျန်ရှိတော့သည်။ ယနေ့ဆိုလျှင် ကျွန်တော် ဒီတောထဲတွင် အသက်ရှုနေမိသည်မှာ ရက်ပေါင်း (၃၀) တိတိ ပြည့် မြောက်ကြောင်း နေ့တိုင်း ရေးခြစ်ထားသည့် စာအုပ်ထဲမှ အမှတ်အသား မျဉ်းကြောင်းတွေက ဖော်ပြနေလေသည်။

တစ်နေ့ထက် တစ်ရက် ပိုမို အေးမြလာသော အအေးဒဏ်ကို အံကြိတ်ခံနိုင်ရည်ရှိဖို့ ကြိုးစားရသည်မှာ လက်တွေ့ တွင် အလွန်ပင်ပန်း ဆင်းရဲလေသည်။ ခန္ဓာကိုယ်နှင့် အရွယ်မမျှသော အင်္ကျီထူထူကြီးတွေက ခြေထောက်နီးပါး ဖုံး အုပ်သော်လည်း မြို့မှာလို Heater မရှိ၊ မီးလင်းဖိုသာ ရှိသော နေရာတွင် လုံလောက်သော နွေးထွေးမှုကို မပေးနိုင် သည့်အပြင် ညဘက် အိပ်မပျော်သည့် အခြေအနေကိုပါ တွေ့ကြုံခံစားရသည်။

တစ်ခါတစ်ခါ လွတ်မြောက်ဖို့ခက်သည့်အနေအထားမှာ ကျွန်တော့်ကို လာကယ်နိုင်တဲ့သူ မရှိနိုင်တော့ဘူးလား? ဒီနေရာမှာပဲ တစ်သက်လုံး သေတဲ့အထိ နေသွားရမှာလား စသည်ဖြင့် ဂယောင်ခြောက်ခြား အတွေးတွေ မကြာ ခဏဝင်လာကာ စိတ်ကျရောဂါပင် ဖြစ်ချင်လာသည်။

ဒီနေရာမျိုးမှာ ကျွန်တော့်ငယ်ဘဝကို ကုန်ဆုံးစေဖို့ ကျွန်တော် ဒီအသက်အရွယ်ထိ အသက်ရှင်နေတာမဟုတ်၊ ဒီ အချိန်ထိ ပညာသင်နေခဲ့တာ မဟုတ်၊ ကျွန်တော့်အိပ်မက်တွေ ရည်မှန်းချက်တွေ အနာဂတ်များစွာသည် မီးထိ သော ဖယောင်းတိုင်လို ယခု ပြိုရွဲကျနေသည်။

မနက်ခင်း အိပ်ရာထချိန်မှစ အိပ်ခါနီး အထိ တစ်ရက်တာအတွေးများသည် ကျွန်တော့်မိသားစုနှင့် ချစ်ရသူကို တစ်နေ့ ပြန်တွေ့ရမည်ဟူသော အိပ်မက်များဖြင့်သာ ဖုံးလွှမ်းသည်။ မျက်ဝန်းမှိတ် မအိပ်စက်ခင် နောက်ဆုံး အတွေးများသည်လည်း ကျွန်တော် အိမ်ပြန်ခွင့်ရရေးသာ ဖြစ်သည်။ ထိုအိပ်မက်များသည် ဆောင်းလေပြင်းနှင့် အတူ ကျွန်တော့်ထံမှ မကြာခဏ လွင့်ပါ ထွက်ပြေးသွားသည့်အတွက် မကြာခဏ လိုက်လံ ဖမ်းယူ သိမ်းဆည်းရ သည့် အလုပ်တာဝန်တစ်ခုတော့ ပိုလေသည်။

Opposite ParallelWhere stories live. Discover now