*************************
အပြာရင့်ရင့်ထဲ အဖြူရောင်အစင်း သေးသေးလေးတွေ ဒေါင်လိုက်ဖြတ်နေသော နက်ကတိုင်ကို လည်ပင်းမှာ ပတ် လိုက်တော့ လက်ပေါ်ကို ထပ်အုပ်ကိုင်လာသော ဆင်စွယ်ရောင် လက်ဖမိုးဖြူဖြူလေးတစ်ဖက်ကို တွေ့ရသည်။
'Chargi စည်းပေးမယ်လေ'
သူ့အရှေ့တည့်တည့်မှာ ခြေစုံရပ်ရင်း နက်ကတိုင်စည်းပေးနေသော အဖြူလက်လက်ဝတ်စုံဖြင့် ဖူးနုနေအောင် လှ လွန်းနေသော သူမလေးကို မြတ်နိုးစွာ ငေးကြည့်မိသည်။ ဘဝရဲ့ ကံကောင်းမှုတွေထဲမှာ ဒီမိန်းကလေးကို ပိုင်ဆိုင် ခွင့်ရခဲ့ခြင်းသည် အကြီးမားဆုံး နဲ့အဖိုးမဖြတ်နိုင်ဆုံးသော ကံကောင်းမှုကြီးပင် ဖြစ်ပါလိမ့်မည်။
'Apuunim နဲ့ Ommunim တို့လာမှာမလား? Chargi'
'လာမှာပေါ့ yeobo ကလဲ, ခမည်းခမက်ရဲ့ မွေးနေ့ပါတီကို မတက်လို့ ဘယ်ဖြစ်ပါ့မလဲ?'
'ဒါဆို ကိုယ် ကားလွှတ်ပြီး ကြိုခိုင်းလိုက်မယ်လေ'
'အာ . ဖေဖေတို့ဘာသာ သူတို့ကားနဲ့လာပါလိမ့်မယ် yebo ရယ်၊ အာရုံမစိုက်ပါနဲ့.. Apuunim ကိုသာ ဂရုစိုက်ရ အောင်နော်'
'အဲ့ဒါဆိုလည်း ကိုယ်တို့ဆင်းကြစို့လေ၊ Hyung နဲ့ Noona တို့ အလုပ်များနေကြရော့မယ်'
သူမလက်ဖျားလေးကို ဆုပ်ထွေးလိုက်ရင်း အခန်းတံခါးဖွင့်လိုက်ပြီး နောက်ပြန်လှည့်ကာ ရွှေရည်ဝင်းသော ပါးစုံမို့ မို့ကို အနမ်းတစ်ပွင့် ခြွေချလိုက်သည်။
'ဟာကွာ.. Yeobo ကလဲ.. အောက်ဆင်းတော့မှာကို'
ရှက်သလို ရွံ့သလို ရင်ဘတ်ဆီ ပြေးကပ်လာသော လက်သီးဆုပ်နုနုလေးတွေက သူမလေးအပေါ် ချစ်အားပိုစေ သည်။ နှုတ်ခမ်းဖူးဖူးပေါ် ပြွတ်ခနဲ တစ်ချက်စုပ်နမ်းမိတော့ မျက်စောင်းမမြည်သော အကြည့်လှလှလေးတွေ ပြေး ကပ်လာသည်။
'Yeobo နော် အောက်ဆင်းရအောင်.ဆို'
'အင်းပါကွာ, ဒါနဲ့ချစ်.. နှုတ်ခမ်းနီ မဆိုးထားဘူးလား?'
သူမ မျက်နှာလေးကို စေ့စေ့ကြည့်ရင်း မေးမိတော့ ကြောင်တောင်တောင်လေး ပြန်ကြည့်လာသည်။