ဒူးထောက်ထားပြီး ကြမ်းပြင်မှာ နဖူးထိထားရက်က မြင်နေရသော ခြေအိတ်ဖြူလွှမ်းသော ခြေဖမိုးတစ်စုံကို စိုးရွံ့ စွာ ငေးကြည့်မိသည်။ အချိန်အတော်ကြာပြီ ဖြစ်သောကြောင့် ပဆစ်တုပ်သဖွယ် ပြားဝပ်နေရသဖြင့် လူလည်း အတော်ညောင်းချိနေပြီ။
Hyunee ကို သူ့အားနှင့်သူ ကြိတ်ရှာနေရင်း Appa ကို အသိမပေးပဲ ထားမိရာက Appa ဆီ ဘယ်လိုဘယ်ပုံ သတင်းပေါက်ကြားသွားသည်မသိ Korea မှာ အလုပ်မအားသည့်ကြားမှ ချက်ချင်း လိုက်ချလာသည်။ တကယ် တော့ Appa ဆူမှာ စိုးတာထက် Appa ကို စိတ်ညစ်မှာ စိုးလို့ ဖြစ်သည်။ အခုတော့ အကြောင်းစုံ သိပြီးရောက်လာ ချိန်မှာတော့ Appa စိတ်အခြေအနေက တော်တော်ဆိုးနေလောက်သည်ဟု ခန့်မှန်းရသည်။
'Appa, ကျွန်တော် နောက်တစ်ခေါက် ထပ်တောင်းပန်ပါရစေ၊ ဒါတွေ အားလုံး ကျွန်တော့်အပြစ်တွေပါ'
ဒူးတုပ်ထားရက်က မော့မကြည့်ပဲ ပြောလိုက်တော့ Appaက ထိုင်နေရာက ထလာပုံပေါ်သည်။ နီးကပ်လာသော ခြေအိတ်ဖြူက သူ့မျက်စိနှစ်ကွင်းနှင့် တစ်ထွာမကျတကျ အကွာအဝေးတွင် ရပ်တန့်သွားသည်။
'တစ်လကျော်တဲ့အထိ ရှာမတွေ့သေးတာ၊ ဒီအချိန်အထိ မင်း ဘာလုပ်နေခဲ့တာလဲ? မင်း အဲ့လောက်တောင် အသုံး မကျတာလား?'
အနားကပ်လာသော Appa ခြေထောက်ကို ဖက်လိုက်ပြီး ပါးကို ပေါင်နားမှာဖိကပ်ထားလိုက်တော့ သိပ်မကြာခင် က အရိုက်ခံလိုက်ရသော နာကျင်မှုက အောင့်ဖျဉ်းဖျဉ်း။
'ကျွန်တော်မှားပါတယ် Appa, ကျွန်တော်လည်း ဒီအတောအတွင်း Hyunee ကို စိတ်ပူလွန်းလို့ မီးခဲမျိုသလို ပူ လောင်နေတာပါ၊ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ၊ ညီလေးကို တွေ့အောင်ရှာပါ့မယ်'
သူဖက်ပြီးမှီထားတာကို Appa က ရုန်းထွက်သွားတော့ ကြမ်းပြင်ပေါ်မှာ အရုပ်ကြိုးပြတ်ပမာ လဲကျသွားရာ ညီမ ဖြစ်သူက ချက်ချင်း ပြေး လာထူပေးသည်။
'မင်းကို ထပ်အချိန်ပေးမယ်၊ အဲ့အချိန်အတွင်း တွေ့ အောင်ရှာ၊ မရှာနိုင်ရင် ငါ့သားအဖြစ်က စွန့်ဖို့ ပြင်ထား၊ မင်းလို အဖြစ်မရှိတဲ့လူမျိုး အကိုတော်ရတဲ့ သားငယ်ကို သနားတယ်..'
