Note: လက်ရှိ On Going ဖြစ်နေတဲ့ Opposite Parallel ရဲ့ Side Story ပါ၊ Part-6 နဲ့ & 7 ကြားက အပိုင်းလို့ သဘောထားပြီး ဖတ်ရင် ရပါတယ်။ တကယ်လို့ ဒီ One Shot သပ်သပ်ပဲ ဖတ်ရင် လည်း ဖတ်လို့ အဆင်ပြေမယ် ထင်ပါတယ်။ OS တပုဒ်အကူအညီတောင်းတုန်းက ရေးပေးလိုက်တာမို့ တချို့တွေလည်း ဖတ်ပြီးပြီလို့ ထင်ပါတယ်
ချွေးတွေ စိုရွှဲနေတဲ့ ဝတ်စုံကို ချွတ်ပြီး အသစ်လဲလှယ်ဖို့ လက်မြောက်ချွတ်ဖို့ ပြင်တုန်းမှာပဲ တံခါးပေါက်နားမှာ ရိပ်ခနဲ မြင်လိုက်ရတဲ့ လူရိပ်ကြောင့် ခါးနားက အင်္ကျီစကို လက်က ပြန်ချလိုက်ပြီး လှည့်ကြည့်လိုက်သည်။
မြင်လိုက်ရသော ပုတက်တက်ကလေးကြောင့် သူ မျက်မှောင်ကြုတ်လိုက်ပြီး...
'ဒီထဲထိ ဘာလာလုပ်တာလဲ? ခါတိုင်းစောင့်နေကြ နေရာမှာ စောင့်လေ'
'ပျင်းလာလို့ ဒီနေ့စောစောရောက်နေတာနဲ့ မစောင့်နိုင်တော့လို့လေ ဘာလို့လဲ? ဒီလာတာ မကြိုက်ဘူးလား?'
ကိုယ်က စိတ်ဆိုးရမလား မှတ်တယ် မျက်မှောင်ကလေးကြုတ်ပြီး စိတ်ရှုပ်နေသည့် အမူအရာလေးကို သူက ဦးအောင် လုပ်ပြနေတာမို့ စိတ်လျော့လိုက်ရသည်။
'မဟုတ်ပါဘူးကွာ၊ ဒီထဲက ကျဉ်းတယ်လေ၊ မင်း အနေကြပ်မှာ စိုးလို့ပါ'
ကိုယ်အိပ်စက်ရာ အကျဉ်းထောင်ရဲ့ Cell ပတ်ပတ်လည်ကို မျက်လုံးဝေ့ကြည့်ရင်း စိတ်သိမ်ငယ်စွာ ခပ်တိုးတိုး ပြောမိသည်။ (၁၅) ပေခန့်သာ ကျယ်နေနိုင်သော အခန်းထဲမှာ ဘယ်ညာဘက်ဆီမှာ အိပ်ရာနှစ်စုံနှင့် လက်ဆေး ဘေစင်တစ်ခု၊ အိမ်သာကိုပါ တစ်ခါတည်း ထည့်သွင်းတပ်ဆင်ထားတာမို့ ကိုယ့်လိုမျိုး ဒီ့ထက်တောင် စုတ်ပြတ် သတ်နေတဲ့ Cell တွေမှာ ကျင်လည်ဖူးသူအတွက်ကတော့ ထွေထူးကျဉ်းမနေပေမယ့် ဒီသူငယ်လေးအတွက်တော့ ကြွက်တွင်းသာသာလေးလောက်ပင် ဖြစ်ပါလိမ့်မည်။
'အာ! အနေမကြပ်ပါဘူး၊ အကျယ်ကြီးပဲရော၊ အရင်တုန်းက Sing Sing မှာ တုန်းကလေ ဒီလောက်မကျယ်ဘူးလား လို့၊ ကျွန်တော် မှတ်မိသေးတယ်'
