Part 9

15.4K 1.5K 383
                                    

Taxi စီးခြင်းသည် တကယ်တော့ အယောင်ပြချင်းသက်သက်မျှသာ ဖြစ်ပြီး New York မြို့၏ ကားကြပ်လှသော Cross Bronx Expressway အရောက်တွင်တော့ ကျွန်တော့်ကို Taxi ပေါ်မှ ဆင်းခိုင်းတော့သည်။ အနားကပ်ကာ ညှစ်ကိုင်ထားသော လက်မောင်းမှာလည်း ညှုပ်တူနှင့် ညှပ်ထားသလို နာလှသဖြင့် အနည်းငယ်ရုန်းကြည့်သော် လည်း လျော့မပေးသည့်အပြင် ပိုတင်းကြပ်လာတာမို့ အလိုက်သင့်သာ ငြိမ်နေရတော့သည်။

လမ်းကြိုလမ်းကြားတွေမှ ဖြတ်ကာသွားနေရသဖြင့် အမှန်ပြောရင် ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိ။ New York မှာ ကျောင်းတက်တာ ကြာပေမယ့် ကျောင်းနဲ့ အိမ်၊ အလုပ်နဲ့အိမ်အပြင် နေရာတော်တော်များများကို ရောက်ဖူးသော်လည်း အခုသွားနေသော ချောင်ကြိုချောင်ကြားတွေကို ကျွန်တော်တစ်ခါမှ မရောက်ဖူးပေ။

ပေတိပေစုတ်နှင့် လမ်းသရဲ ဆန်ဆန်လူတွေ၊ သူတောင်းစားတွေ အများစု ကြီးစိုးရာ နေရာများဖြစ်ရာ အိမ်ယာမဲ့ များမှာလည်း နေရာတကာ အပြည့်ပင် ဖြစ်သည်။ သိသိသာသာ အာရှဆန်သော ကျွန်တော့်ရုပ်ရည်ကို မြင်ကြ သော်လည်း အာရုံစိုက်မလာကြတာမို့ ကျွန်တော် ဒုက္ခရောက်နေသည့် အခြေအနေကို လူသိအောင် လုပ်ဖို့ အရမ်း ခက်ခဲနေသည့် အနေအထားပင်။

ကျွန်တော့်ကို တရွတ်ပါမတတ် ဆွဲသွားနေသော သူ့မျက်နှာကို မော့ကြည့်တော့လည်း ကျွန်တော့်ကို တစ်ချက် လေးတောင် ငုံ့ကြည့်ဖော်မရပဲ အရုပ်တစ်ရုပ်လို ဆွဲသရောသွားနေတာကြောင့် ဒေါသအရမ်းထွက်လာသည်။ ဒါ့အပြင် ကျွန်တော့်ခါးနားမှာ ထောက်ထားသော ဓါးကိုလည်း အခုထိ ဖယ်မပေးသေး။

လမ်းအထပ်ထပ်ကို ဖြတ်တစ်ခါ ကွေ့တစ်ဖန် ကျော်တစ်လှည့်ဖြင့် Express Bus Terminal တစ်ခုကို ရောက်သွား သည်။ ကျွန်တော် လမ်းဘေးဝဲယာ ကြည့်နေရင်းနဲ့ကို ဘယ်လို ရောက်လာမှန်း မသိသော်လည်း ထိုသူသည် ထင်ခဲ့ မိတာထက် New York ၏ လမ်းတွေကို ကျွမ်းကျင် ရင်းနှီးပုံပေါ်သည်။

'ကျေးဇူးပြုပြီး Wyoming ,Cheyenne ကို လက်မှတ် နှစ်စောင်'

လက်မှတ်ရောင်းသူကို ပြောလိုက်တဲ့ နေရာကို ကြားတော့ ကျွန်တော် အံ့သြစွာ သူ့ကို ကြည့်မိသည်။ ကျွန်တော့် ကို ဘယ်ထိ ခေါ်သွားဖို့စိတ်ကူးနေတာတုန်း?

Opposite ParallelTahanan ng mga kuwento. Tumuklas ngayon