Part- 5

10.7K 1.3K 60
                                        

Sat ကလဲ Prison ကိုရောက်ပြီး ဘာမှမလုပ်ဖြစ်၊ အခု Sun မှာ ဘာမှမလုပ်ဖြစ်လို့ကတော့ ကျွန်တော့် Thesis ကြီးကတော့ မြောင်းထဲ ရောက်တော့မှာပင်။

အကျဉ်းသားတွေကို interviewရေး planကို ခဏ ဘေးဖယ်ထားပြီး ကျွန်တော် သိထားဖို့ လိုအပ်သည့် ဖတ်သင့် ဖတ်ထိုက်သော စာရွက်စာတမ်း အချက်အလက်တွေကို ထောင်ဝန်ထမ်းဆီက တောင်းယူပြီး အိမ်ကိုပြန်သယ်လာ ခဲ့သည်။ နောက်တပတ် စနေမတိုင်ခင် ပြီးအောင်ဖတ်ပြီး လိုအပ်တဲ့ အချက်တွေကို Thesis မှာ သုံးရမှာပင်။

English လိုရေးထားသည့် စာအုပ်အထူကြီးတွေ File အထူကြီးတွေကို ဝန်ထမ်းဦးလေးကြီး ပေးလိုက်တုန်းက မျက်နှာ ရှုံ့မဲ့မသွားမိအောင် သတိထားလိုက်ရသည်။ နည်းတဲ့ဟာတွေ မဟုတ်ဘူး တကယ့်ကို တောင်ပုံရာပုံပါပဲ။

ဝန်ထမ်းဦးလေးကြီး ချပြသည့် အပုံ,အပုံသော အထပ်လိုက်တွေထဲမှ လေးပုံတစ်ပုံ ခန့်ကိုသာ တစ်ခါတည်း မသယ် နိုင်ဟူသော အကြောင်းပြချက်ဖြင့် သယ်ချလာခဲ့သည်။ တကယ်တော့ မသယ်နိုင်တာ မဟုတ်၊ မဖတ်နိုင်တာပင်။

Thesis ပြင်ဆင်နေချိန်မို့ အတန်းချိန်သိပ်မရှိဘူးဆိုပေမယ့် ကိုယ့်ဘာသာစကားမဟုတ်သည့် စာအုပ်တွေကို နား လည်အောင် ဖတ်ယူဖို့ရာက အချိန်အတော်ပေးရမှာ ဖြစ်သည်။ ပိုဆိုးတာက ကျွန်တော်နှင့် လုံးဝ အနေမနီးသော အကြောင်းခြင်းရာတွေက ဖြစ်နေပြန်သေးသည်။

စာကြည့်စားပွဲမှာ မျောက်မှိုင်, မှိုင်နေရင်း ရှေ့က စာအုပ်ပုံကြီးပေါ်ကို ခေါင်းကို နှိမ့်ချကာ မေးတင်ထားလိုက် သည်။ Apartment ရဲ့ (၁၀) ထပ်မြောက်မှာနေသော ကျွန်တော့်အနေနဲ့ ဒီလိုညရှုခင်းကို ကြည့်ရသည်မှာ တကယ် တော့ ရိုးအီနေသော်ငြားလည်း စာနဲ့တွေ့ရင် တစ်ခြားအရာကို စိတ်ပါလက်ပါ ဖြစ်သွားတတ်သူပီပီ ရောက်မိပေါက် ရာ ငေးနေမိသည်။

ဒီလိုညဘက်ဆို ခါတိုင်း ကျွန်တော် Mc. Donald မှာ အချိန်ပိုင်းလုပ်နေကြ။ အကိုတော်က သူမုန့်ဖိုးပေးမည် အချိန်ပိုင်း အလုပ်တွေ အကုန်နားပြီး စာကိုပဲ ဖိဖိစီးစီး အာရုံစိုက် ဆိုသော တချက်လွှတ်အမိန့်ဖြင့် အခု ကျွန်တော် ကောင်းစားနေတာပင်။ ကောင်းစားတယ်ရယ်လဲ မဟုတ် တုံးပိနေသော ဖားသူငယ်တစ်ပိုင်းသာသာပါပဲလေ။

Opposite ParallelOù les histoires vivent. Découvrez maintenant