Part 13

11K 1.5K 206
                                        

'ဘာ! Hyunee ဖုန်းကို ခြေရာခံမိတယ် ဟုတ်လား?'

JongKi Oppa ရုံးခန်းထဲမှာ Hyunee အကြောင်း တိုင်ပင်နေတုန်း ရုတ်တရက်ဖုန်းလာတာမို့ Oppa ဖုန်းပြန်ဖြေနေ တုန်း သူ့ဆီက ဒီအသံကို ကြားရတာ ဖြစ်သည်။ တစ်ဖက်က ဖုန်းပြောနေတာကို Oppa သေချာ နားထောင်နေပုံ ကြည့်ရတာ သိပ်အရေးကြီးသည့် အခြေအနေတစ်ခု ဖြစ်မယ့်ပုံ ပေါ်သည်။

'ဟုတ်ပါပြီ လူအင်အားသုံးပြီး အမြန်ဆုံး ဆောင်ရွက်ပေးပါ၊ တောင်းဆိုပါတယ်.. ကျေးဇူးပြုပြီး ကျွန်တော့်ညီလေး ကို ရှာပေးပါဗျာ'

Oppa ဆီမှ ဖုန်းချလိုက်ပြီးပြီးချင်း မျှော်လင့်တကြီး ကြည့်နေသည့် သူမဘက်ကို လှည့်ကာ ပြုံးပြလာသည်။

'Sojin ရေ. Oppa တို့ ကောက်ရိုးတစ်မျှင်တော့ ဖမ်းဆုပ်မိပြီ၊ အခုပဲ Hyunee ဖုန်းပွင့်လာတာကို ခြေရာခံမိတယ် တဲ့'

ဝမ်းသာမှုအရှိန်ကြောင့် Oppa နဲ့ မျက်နှာချင်းဆိုင် ထိုင်နေရာမှ အနားနားကို ချက်ချင်း အပြေးနီးပါး ရောက်သွားရ သည်။

'အဲ့တော့ Hyunee ကိုရော ပြန်တွေ့ပြီလားဟင်?'

Oppa မျက်နှာ နည်းနည်း ညှိုးသွားပြီးမှ ကျွန်မကို ပြန်ပြုံးကာ ပြောလာသည်။

'Hyunee ဖုန်းကို Bus terminal တစ်ခုက မြောင်းထဲမှာ ပြန်တွေ့တာ၊ မြောင်းကို သန့်ရှင်းရေးလုပ်တဲ့ ဝန်ထမ်း တွေက ဖုန်းကို ဖွင့်လိုက်လို့ ပြန်ခြေရာခံမိတာပဲ၊ ကံကြီးတယ်လို့ပြောရမယ်၊ Oppa တို့က NY မှာပဲ ရှိလိမ့်မယ် ထင်နေတာ၊ အခု Hyunee ဘယ်ကို ပါသွားလဲ ဆိုတာသိဖို့ CCTV တွေရော ခရီးသွားတဲ့ လူစာရင်းတွေရော Oppa လိုက်ခိုင်းထားတယ်၊ လူအင်အားလည်း သုံးထားတာမို့ သိပ်မကြာခင် သိရတော့မှာပါ'

သူမ သက်ပြင်းကို လေးလေး ချလိုက်သည်။ လောလောဆယ် ထိုင်နေရုံကလွဲ ဘာမှမတတ်နိုင်တဲ့ အခြေအနေမှာ Chargi ဘေးအန္တရာယ်နဲ့မကြုံတွေ့ပဲ အစစ အရာရာ အဆင်ပြေပါစေလို့ပဲ ဆုတောင်းရမှာပါပဲ။

အဲ့ဒီနေ့ ညနေပိုင်းလောက်မှာပဲ Bus Terminal ဘက်မှ တာဝန်ရှိသူတို့က CCTV မှတ်တမ်းမှာ Hyunee မှန်း အတည်ပြုပေးဖို့ လှမ်းခေါ်တာမို့ Oppa ရော Unnie ရော ကျွန်မပါ Bus terminal ကို ရောက်သွားခဲ့ကြသည်။ Hyunee မှန်းသေချာတဲ့ ပုံရိပ်နဲ့ ခေါ်ဆောင်သွားတဲ့ အကျဉ်းသားလို့ ယူထဆရတဲ့ သူတစ်ဦး၏ Bus Terminal မှာ အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သော အနေအထားတစ်ခုကို ရှင်းလင်းစွာ သိပြီးသွားတဲ့နောက် သူတို့ထွက် ခွာသွားတဲ့ခရီးစဉ်ကတော့ Wyoming State, Cheyenne ဖြစ်သည်တဲ့။

Opposite ParallelDonde viven las historias. Descúbrelo ahora